Myanmar Transparency News

KIA ထိန်းချုပ်ရာ မိုင်ဂျာယန်မြို့ရှိ မြေရှားသတ္တုတူးဖော်သည့်လုပ်ကွက်အနီး ဆီဆိုင်မှ ဆီထည့်နေသည့် ကားတစ်စီး မီးလောင်မှု ယနေ့ ဖြစ်ပွား

၃၀.၉.၂၀၂၅
Written By Min Thet

KIA ထိန်းချုပ်ရာ မိုင်ဂျာယန်မြို့ရှိ မြေရှားသတ္တုတူးဖော်သည့် လုပ်ကွက်အနီး ဆီဆိုင်မှ ဆီထည့်နေသည့် ကားတစ်စီး မီးလောင်မှု ယနေ့ စက်တင်ဘာလ ၃၀ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုင်ဂျာယန်နှင့် အင်ခေါင်းပါကြား မုန်ခါပါရှိ မြေရှားသတ္တုတူးဖော်သူများ လောင်စာဆီထည့် သည့် ဆီဆိုင်တစ်ခုတွင် ဆီသယ်ကားတစ်စီး ဆီထည့်နေစဉ် မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အခု မီးလောင်တဲ့နေရာက ဆီဆိုင်မှာက မြေရှားသတ္တုတူးတဲ့သူတွေ ဆီလာထည့်ကြတာ။မီးလောင်လို့ ကားက လုံး၀ ပျက်စီးသွားတယ်။ထိခိုက်သူတော့ မရှိဘူးလို့ ပြောပါတယ်”ဟု ဒေသခံတစ်ဦးက MT News ကို ပြောသည်။

KIA အနေဖြင့် ယင်းတို့ ဌာနချုပ်ရှိရာ လိုင်ဇာ၊ မိုင်ဂျာယန်၊ ကချင်အထူးဒေသ(၁)နယ်မြေများ၊ ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်နှင့် မံစီမြို့နယ်တို့တွင်လည်း မြေရှားသတ္တုများ တူးဖော်နေကြောင်း၊ မိုင်ဂျာယန်မြို့ကို KIA က ပညာရေးမြို့တော်အဖြစ် သတ်မှတ်ထားကြောင်းလည်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News