Myanmar Transparency News

NUG ရဲ့ ကျောပအဖအဖွဲ့က ခိုးထုတ်ထားတဲ့ ကျွန်းသစ်ရှစ်တန်ကျော်ကို လေလံတင်ရောင်းချလို့ ဝယ်ယူလာပြီး ပုလဲ၊ မြိုင်၊ ပခုက္ကူ ပအဖတွေထံ အခွန်ဆောင်သယ်လာသူချိန် ရေစကြို PDF က ဖမ်းဆီးပြီး သစ်ရော ယာဥ်ပါ သိမ်းယူ

နေမိုး
၁. ၁၀. ၂၀၂၅

NUG ရဲ့ ကျောပအဖအဖွဲ့က ခိုးထုတ်ထားတဲ့ ကျွန်းသစ်ရှစ်တန်ကျော် လေလံတင်ရောင်းချလို့ ဝယ်ယူလာပြီး ပုလဲ၊ မြိုင်၊ ပခုက္ကူ ပအဖတွေထံ အခွန်ဆောင်သယ်ယူလာသူကို ရေစကြို PDF အဖွဲ့ဖြစ်တဲ့ Southern YSO PDF အဖွဲ့က ဖမ်းဆီးလိုက်ပြီး ကျွန်းသစ်ရော ဆယ်ဘီးယာဥ်ကိုပါသိမ်းယူလိုက်တယ်လို့ Southern YSO PDF အဖွဲ့က ဒီနေ့ ဝန်ခံလာပါတယ်။

ဒီဖြစ်စဥ်မှာဆို NUG ရဲ့ ဂန့်ဂေါခရိုင်၊ ကျောတိုက်နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က လေလံတင်ရောင်းချလိုက်တဲ့ကျွန်းပျဉ်များစွာ တင်ဆောင်လာတဲ့ ၁၀ ဘီးကားကို စက်တင်ဘာ၂၆ ရက် ညနေ ၃ နာရီအချိန် ရေစကြိုမြို့နယ်အတွင်းရှိ တောလမ်းတစ်နေရာမှာ Southern Yesagyo Lcal တပ်ပေါင်းစုအဖွဲ့ ဖမ်းဆီးရရှိခဲ့တာဖြစ်ပြီး စစ်ဆေးရာမှာ ၈ ဒသမ ၁၅၃ တန်ရှိတဲ့ ကျွန်းပျဉ်တွေကို ဦးအောင်ကိုလတ် ဆိုသူထံ လေလံတင်ရောင်းချတဲ့ သစ်တွေဖြစ်ပြီး လမ်းတစ်လျှောက်မှာလည်း NUG ရဲ့ ပအဖအဖွဲ့​တွေဖြစ်တဲ့ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မြိုင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကို ဆယ်သိန်းနီးပါး အခွန်ဆောင်လာတာ တွေ့ရတယ်လို့ Southern YSO PDF အဖွဲ့က ဆိုပါတယ်။

ဒီသစ်တွေကို NUG ရဲ့ ကျောပအဖဆီ ဝယ်လာသူက ပခုက္ကူမြို့ လေယာဉ်ကွင်း အဆောက်အဦ ပြုပြင်တည်ဆောက်ရေးအတွက် ပြန်လည်ရောင်းချမယ်လို့ သိရတာကြောင့် ကျွန်းသစ်တွေရော ဆယ်ဘီးကားကိုပါ သိမ်းယူမှာဖြစ်တယ်လို့ Southern YSO PDF အဖွဲ့က ထုတ်ပြန်ထားပါတယ်။

မူရင်းသတင်း — Myanmar Transparency News