Myanmar Transparency News

ချောင်းဦးက ဘုံတိုရွာမှာ ဆီမီးသပိတ်လုပ်နေလို့ ဗုံးကြဲခံရချိန် သေဆုံးသူတွေက ပြည်သူလူထုမဟုတ်ဘဲ ကျောင်းသားပြည်သူများနှင့် လူထုသပိတ်အဖွဲ့နဲ့ ချောင်းဦးမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ PDF များဖြစ်နေ

၈. ၁၀. ၂၀၂၅
Written by Nay Moe

ချောင်းဦးမြို့နယ်က ဘုံတိုရွာမှာ ဆီမီးသပိတ်လုပ်နေလို့ ဗုံးကြဲခံရချိန် သေဆုံးသူတွေက ပြည်သူလူထုလို့ NUG နဲ့ PDF တွေ၊ သူတို့ထောက်ခံတဲ့ မီဒီယာတွေက လိမ်လည်ရေးသားနေပေမယ့် ဖြစ်စဥ်အမှန်မှာတော့ ပြည်သူလူထုမဟုတ်ဘဲ ကျောင်းသားပြည်သူများနှင့် လူထုသပိတ်အဖွဲ့နဲ့ ချောင်းဦးမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က PDF တွေ ဖြစ်နေတယ်လို့ ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂရဲ့ ဝန်ခံချက်အရ သိရပါတယ်။

ဖြစ်စဥ်က ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၆ ရက်နေ့ ည ၇ နာရီ ၁၅ မိနစ် ဝန်းကျင်မှာ အကြ၊မ်၊းဖ၊က် စစ်အုပ်စု မှ အကြမ်းမဖ၊က် ညအမှောင်ထဲ ဆီမီးသပိတ်ပြုလုပ်နေတဲ့ ကျောင်းသားပြည်သူများ နှင့် လူထုသပိတ်အဖွဲ့ ၊ ချောင်းဦးမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) PDF တွေကို ပါရာမော်တာနဲ့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်လို့ အနည်းဆုံး PDF ၂၀ ခန့်သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။

အဲဒီဖြစ်စဥ်အတွက် ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ – ဗကသများအဖွဲ့ချုပ် အခြေစိုက် အမှတ် (၁) နယ်မြေက PDF တွေက ဆီမီးသပိတ်လုပ်နေချိန် ဗုံးကြဲခံရလို့ သေဆုံးသူတွေအတွက် အလေးပြုတာ၊ ဝမ်းနည်းခြင်းအထိမ်းအမှတ် (၁) မိနစ်ခန့်ငြိမ်သက်တာ တို့ကို မနေ့ကညပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂအဖွဲ့က လူမှုကွန်ရက်မှာ ပုံနဲ့တကွ ဖော်ပြထားပါတယ်။

မူရင်းသတင်း — Myanmar Transparency News