Myanmar Transparency News

မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံသို့ တရားမဝင် ပို့ဆောင်နေသည့် မြန်မာတစ်ဦးအပါအဝင် ပွဲစား (၂) ဦးကို ဘတ် သန်း (၁၀၀) ကျော်နှင့် ယနေ့ ဖမ်းမိ

၂၂.၁၀.၂၀၂၅
Written By Min Thet

မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံသို့ တရားမဝင် ပို့ဆောင်နေသည့် ပွဲစား (၂) ဦးကို ဘတ် သန်း (၁၀၀) ကျော်နှင့် ယနေ့ ဖမ်းဆီးရမိခဲ့ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

ထိုင်းရဲတပ်ဖွဲ့က အဆိုပါ ပွဲစား (၂) ဦးအား စမွတ်ဆာခွန်ခရိုင် ဖမ်းဝရမ်းဖြင့် ထိုင်းနိုင်ငံ၊ တက်ခ်ပြည်နယ်၊ မဲဆောက်မြို့ရှိ ထိုင်း-မြန်မာ ချစ်ကြည်ရေးအမှတ် (၁) တံတားအနီးတွင် ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသူနှစ်ဦးမှာမြန်မာ နိုင်ငံသား အသက် ၃၁ နှစ်အရွယ် စောကျော်ခင်ဆိုသူနှင့် ထိုင်းနိုင်ငံသား အသက် ၂၆ နှစ်အရွယ် စုံချိုင်ဆိုသူ ဖြစ်ကြောင်း၊ ၎င်းတို့နှစ်ဦး အသုံးပြုနေသော ဘဏ်စာရင်းစာအုပ်များတွင် ဘတ် သန်း (၁၀၀) ကျော် လည်ပတ်မှု တွေ့ ရှိရကြောင်း သိရသည်။

ယင်းတို့နှစ်ဦးက လူမှုကွန်ရက်မှတစ်ဆင့် ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်လိုသည့် မြန်မာနိုင်ငံသားများနှင့်ဆက်သွယ်၍ တရားမဝင် လမ်းကြောင်းမှ ပို့ဆောင်နေကြကြောင်း ရဲတပ်ဖွဲ့ထံ ထွက်ဆိုထားကြောင်း သိရသည်။

ယခုအခါ ပွဲစားနှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က စမွတ်ဆာခွန်ခရိုင်၊ ကထုန့်ဘဲင်မြို့နယ်ရဲစခန်းတွင် ထိန်းသိမ်းထားပြီး ထိုင်းနိုင်ငံဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News