Myanmar Transparency News

နေအိမ်တွင် အိပ်ပျော်နေသူကို PDF ခုနစ်ဦးက ဒလန်ဟုစွပ်စွဲကာ လာပစ်သတ်ပြီး ဆိုင်ကယ်၊ ဖုန်းသုံးလုံးနှင့် ကျပ်သိန်း ၅၀ လုယက်

နေမိုး
၂. ၁၁. ၂၀၂၅

နေအိမ်တွင် အိပ်ပျော်နေသူကို PDF ခုနစ်ဦးက ဒလန်ဟုစွပ်စွဲကာ လာရောက် ပစ်သတ်ပြီး ဆိုင်ကယ်၊ ဖုန်းသုံးလုံးနှင့် ကျပ်သိန်း ၅၀ လုယက်သွားမှု မကွေးတိုင်းတွင် ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ဖြစ်စဥ်မှာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက် နံနက် ၃ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ဆင်ကကျေးရွာနေ ဦးကျော်ဝင်း(၄၉)နှစ်သည် ၎င်း၏နေအိမ်၌ အိပ်ပျော်နေစဉ် PDF ခုနစ်ဦးခန့်က ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိလာပြီး “ဒလန်” ဟုပြောဆိုကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ နေအိမ်မှ DAYANG-110 အမျိုးအစား အနက်ရောင် ဆိုင်ကယ် တစ်စီး၊ လက်ကိုင်ဖုန်း သုံးလုံး၊ ငွေသိန်း ၅၀ ကျပ်တို့အား လုယက်ယူဆောင်သွားခဲ့သဖြင့် ဦးကျော်ဝင်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့အထိ အကြမ်းဖက်အဖွဲ့များ၏လုပ်ရပ်ကြောင့် သံဃာတော်အပါး ၁၀၀ ကျော်၊ ကျောင်းသားကျောင်းသူများအပါအဝင် ကလေးသူငယ် ၃၅၇ ဦး၊ အုပ်ချုပ်ရေးဝန်ထမ်း ၁,၂၅၃ ဦး၊ ဆရာ/ဆရာမ ၁၂၀ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၂၄ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၉,၆၁၆ ဦးမှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစက(စကမ)ယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။

မူရင်းသတင်း — Myanmar Transparency News