
အာဆင်နယ်အသင်းဟာ အီကွေဒေါကလပ် အင်ဒီပန်ဒီယန်တေဒယ်ဗယ်လေအသင်းက ကင်တဲရိုးအမြွှာညီအစ်ကိုကို ၂၀၂၇ ခုနှစ်မှာ ခေါ်ယူဖို့ အကြိုသဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။
လက်ရှိအချိန်မှာ အသက် ၁၆ နှစ်သာရှိသေးတဲ့ ကင်တဲရိုးအမြွှာညီအစ်ကိုဟာ ဆယ်ကျော်သက်တိုက်စစ်ကစားသမားတွေဖြစ်ပြီး အက်ဒ်ဝင်ကင်တဲရိုးက တောင်ပံတွင် ကစားကာ ဟိုလ်ဂါကင်တဲရိုးက ကွင်းလယ်တိုက်စစ်ကစားသမားဖြစ်ကြောင်း သိရပါတယ်။
သူတို့နှစ်ဦးဟာ အီကွေဒေါယူ-၁၇ အသင်းမှာ ကစားနေသူတွေဖြစ်ပြီး တောင်အမေရိကရဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံး လူငယ်ကစားသမားစာရင်းထဲ ပါဝင်သူတွေအဖြစ်လည်း ညွှန်းဆိုခံထားရကြောင်း သိရပါတယ်။
အင်ဒီပန်ဒီယန်တေဒယ်ဗယ်လေအသင်းဟာ လက်ရှိအာဆင်နယ်အသင်းနောက်ခံလူ ဟင်ကာပီ ကစားခဲ့တဲ့အသင်း ဖြစ်တဲ့အပြင် ချယ်လ်ဆီးကွင်းလယ်ကစားသမား ကိုင်စီဒိုကို မွေးထုတ်ပေးခဲ့တဲ့အသင်းဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ကင်တဲရိုးအမြွှာညီအစ်ကိုကို စာချုပ်ချုပ်ဆိုခဲ့ပြီဖြစ်တာကြောင့် ကစားသမားနှစ်ဦးရဲ့ခြေစွမ်း တိုးတက်စေရန်အတွက် အင်ဒီပန်ဒီယန်တေဒယ်ဗယ်လေအသင်းနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း အသင်းဝက်ဘ်ဆိုက်မှာ ဖော်ပြခဲ့ပါတယ်။
ကင်တဲရိုးအမြွှာညီအစ်ကိုဟာ ၂၀၂၇ သြဂုတ်လရောက်မှ အသက် ၁၈ နှစ်ပြည့်မှာဖြစ်တာကြောင့် အဲဒီအချိန်ရောက်မှ အာဆင်နယ်အသင်းနဲ့ ပူးပေါင်းနိုင်မှာပါ။