Eleven Media Group

■ ပရီးမီးယားလိဂ် ပွဲစဉ်-၁၅ ပွဲကြိုသုံးသပ်ချက်

Photo: Liverpool FC

◘ အက်စတွန်ဗီလာ - အာဆင်နယ် (စနေနေ့ ည ရးဝ၀ နာရီ)

ဗီလာအသင်းက ပြိုင်ပွဲစုံ ခြောက်ပွဲဆက် အနိုင်ရလဒ်နဲ့အတူ အကောင်းဆုံးပုံစံရနေတယ်။ ပရီးမီးယားလိဂ်မှာလည်း တတိယနေရာရပ်တည်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့် တစ်ကျော့ပြန်ရရှိဖို့ မျှော်လင့်ချက်ကောင်းနေတယ်။ အာဆင်နယ်ကလည်း
ဒဏ်ရာပြဿနာတွေကြားမှာ ပုံစံကောင်းကို ထိန်းထားနိုင်ဆဲဖြစ်တယ်။ ဒက်ကလန်ရိုက်စ်ရဲ့ဒဏ်ရာက အာဆင်နယ်အတွက် ထိုးနှက်ချက်ဖြစ်စေလိမ့်မယ်။ ဗီလာက အိမ်ကွင်းမှာ အမှတ်ရအောင် ကစားနိုင်စွမ်းရှိပါတယ်။

◘ ဘုန်းမောက် - ချယ်လ်ဆီး (စနေနေ့ ည ၉း၃၀ နာရီ)

နှစ်သင်းစလုံးရဲ့ရလဒ်ပိုင်းက အားရစရာမရှိဘူး။ ချယ်လ်ဆီးအသင်းက အာဆင်နယ်နဲ့ပွဲမှာ တစ်ယောက်လျော့ကစားရပေမဲ့ ဦးဆောင်ဂိုးသွင်းယူပြီးတော့ သရေတစ်မှတ်ယူနိုင်ခဲ့တယ်။ လိဒ်စ်နဲ့ပွဲမှာတော့ တစ်ဖက်သတ်ဘောလုံးကိုင်ထားပေမဲ့ အခွင့်အရေးတွေ မဖန်တီးနိုင်လို့ ဂိုးပြတ်ရှုံးနိမ့်ခဲ့တယ်။ အပြန်အလှန်သွင်းဂိုးတွေနဲ့ ချယ်လ်ဆီး နိုင်ပွဲပြန်ရဖိုရှိတယ်။

◘ မန်စီးတီး - ဆန်းဒါးလန်း (စနေနေ့ ည ၉း၃၀ နာရီ)

ဆန်းဒါးလန်းက ဒီရာသီ တန်းတက်အသင်းတွေထဲမှာ စုစည်းမှုအကောင်းဆုံးပါပဲ။ ထိပ်သီးအသင်းတွေနဲ့ တွေ့ဆုံမှုမှာလည်း ချယ်လ်ဆီးကို အနိုင်၊ အာဆင်နယ်နဲ့ လီဗာပူးလ်ကို သရေ၊ မန်ယူတစ်သင်းတည်းကိုပဲ ရှုံးနိမ့်ထားတယ်။ မန်စီးတီးကလည်း
နှစ်ပွဲဆက် အနိုင်ပြန်ရထားပေမဲ့ ခံစစ်စွမ်းဆောင်ရည်က စိုးရိမ်စရာဖြစ်နေတယ်။ မန်စီးတီး ဂိုးမပြတ်ဘဲ အနိုင်ရမယ်။

◘ လိဒ်စ် - လီဗာပူးလ် (စနေနေ့ ည ၁၂းဝ၀ နာရီ)

တန်းတက် ဆန်းဒါးလန်းနဲ့ပွဲမှာလည်း ဗန်ဒိုက်ရဲ့အမှားကတစ်ဆင့် လီဗာပူးလ်အသင်း ဂိုးပေးခဲ့ရပြီး သရေပွဲနဲ့ ထပ်ရင်ဆိုင်ခဲ့ရတယ်။ တိုက်စစ်က ဂိုးရဖို ရုန်းကန်နေရချိန်မှာ ခံစစ်ပိုင်းက အမှားများနေတယ်။ တန်းတက် လိဒ်စ်ကတော့ ရှုံးပွဲဆက်နေမှုကို ချယ်လ်ဆီးနဲ့ပွဲမှာ ရပ်တန့်နိုင်ခဲ့တယ်။ လီဗာပူးလ်အသင်း နိုင်ပွဲပြန်ရှာရမှာဖြစ်ပြီး ဂိုးများတဲ့ပွဲဖြစ်နိုင်တယ်။

◘ အခြားပွဲစဉ်များ

အဲဗာတန် - နော်တင်ဟမ်*
နယူးကာဆယ် - ဘန်လေ*
*စပါး - ဘရန့်ဖို့ဒ်

Photos: Teams' Facebook

မူရင်းသတင်း — Eleven Media Group