Myanmar Transparency News

လက်နက်မဲ့အမျိုးသားတစ်ဦးကို KIA နှင့် PDF ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်

နေမိုး
၄. ၄ ၂၀၂၆

လက်နက်မဲ့အမျိုးသားတစ်ဦးကို KIA နှင့် PDF များက ဖမ်းဆီးသတ်ဖြတ်ကာ လမ်းဘေးတွင် အလောင်းစွန့်ပစ်မှု မိုးညှင်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ကချင်လက်နက်ကိုင် KIA နှင့် NUG ဩဇာခံ PDF များ၏ ကျူးလွန်မှုဖြစ်စဥ်မှာ ၂၀၂၆ ခုနှစ်၊ ဧပြီ ၁ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မြင်သာကျေးရွာနှင့် အင်းကုန်းကျေးရွာချင်းဆက်လမ်းဘေး လယ်ကွင်းအနီး၌ အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မိုးညှင်းမြို့နယ်၊ မိုင်းနောင်ကျေးရွာနေ ဦးပေါ်ထင် (၅၂)နှစ်အား ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် ဖြစ်စဉ်အား စိစစ်ခဲ့ရာ ဦးပေါ်ထင်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် KIA အဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့ အင်အား(စိစစ်ဆဲ)က အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယမန်နှစ် ဒီဇင်ဘာလ ၂၆ ရက်အထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှို၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ၊ စုစုပေါင်း ၉၉၀၈ ဦး သေဆုံးခဲ့ကာ ၁၃၀၁၁ ဦး ဒဏ်ရာရရှိခဲ့ပြီး ထိုအထဲတွင် ပြည်ခိုင်ဖြိုးပါတီဝင် ၁၀၀၀ အထက် သေဆုံးဒဏ်ရာရမှု ဖြစ်ပွားထားသည်။

မူရင်းသတင်း — Myanmar Transparency News