နေပြည်တော် နိုဝင်ဘာ ၁၁
နိုင်ငံသားအရည်အချင်း ပြည့်မီသူများအား လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ထုတ်ပေးခြင်းလုပ်ငန်းကို ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်၍ မှန်ကန်မြန်ဆန်စွာထုတ်ပေးရေးနှင့် ဥပဒေအရ အကျုံးမဝင်သူများအား မှားယွင်းထုတ်ပေးမှု မရှိစေရေး စနစ်တကျ ဆောင်ရွက်သွားရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ဝန်ထမ်းများနှင့် တွေ့ဆုံစဉ် မှာကြားသည်။
ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး ရာမညခန်းမ၌ မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံစဉ် ထိုသို့ထည့်သွင်းမှာကြားခဲ့ခြင်းဖြစ်ပြီး ၂၀၂၇ ခုနှစ် ဧပြီ ၄ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ မွန်ပြည်နယ်အနေဖြင့် ကျိုက်မရောမြို့နယ်တွင်သာ ကျင်းပရန်ရှိသော်လည်း မဲဆန္ဒရှင်စာရင်းအတွက် အတည်ပြုလူဦးရေစာရင်း မှန်ကန်စေရေး ဆောင်ရွက်သည့်လုပ်ငန်းအား အခြားမြို့နယ်များ၌လည်း ဆက်စပ်ဌာနအဖွဲ့အစည်းများနှင့် အမြဲမပြတ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ကြရေး ရှင်းလင်း ပြောကြားကာ ဝန်ထမ်းများ၏ လုပ်ငန်းဆိုင်ရာတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ကရင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးဝင်းနှင့်အတူ ဘားအံမြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဘားအံမြို့နယ် ဦးစီးမှူးရုံးသို့သွားရောက်၍ မြို့နယ်ရုံးအဝင်၌ ဧည့်ကြိုကောင်တာ ထားရှိဆောင်ရွက်မှုကို ကြည့်ရှုစစ်ဆေးပြီး နားနေဆောင်ရှိ ဒေသခံပြည်သူများအား လာရောက်ဆောင်ရွက်သည့် လုပ်ငန်းအခြေအနေများကို မေးမြန်းဆွေးနွေး၍ ကြုံတွေ့ရသည့် အခက်အခဲများကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသည်။ (ယာအပေါ်ပုံ)
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကရင်ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကရင်ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများအားတွေ့ဆုံကာ ဝန်ထမ်းများအနေဖြင့် ပြည်သူအပေါ် ယဉ်ကျေးပျူငှာစွာ ဆက်ဆံဆောင်ရွက်ကြရေး၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပြီး မလိုအပ်ဘဲ လုပ်ငန်းကြန့်ကြာမှုမရှိစေရေး၊ လမင်းစီမံချက်ဖြင့် ဆောင်ရွက်နေသည့် နိုင်ငံသားကတ်နှင့် UID နံပါတ် ကောက်ယူထုတ်ပေးခြင်း လုပ်ငန်းအောင်မြင်ရေးကိစ္စရပ်များကို မှာကြားကာ ဝန်ထမ်းများ၏လုပ်ငန်းဆိုင်ရာ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်