Myanmar Digital News

ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ ဘရာဇီးလ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှနှင့်ပစိဖိတ်ရေးရာအတွင်းဝန် သံအမတ်ကြီး မစ္စစ် ဆူဇန် ကလီဘန့်အား လက်ခံတွေ့ဆုံ

နေပြည်တော် နိုဝင်ဘာ ၁၁

 

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် (၅)ကြိမ်မြောက် မြန်မာ-ဘရာဇီးလ် နိုင်ငံရေးရာဆွေးနွေးပွဲသို့ တက်ရောက်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ဘရာဇီးလ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှနှင့် ပစိဖိတ်ရေးရာ အတွင်းဝန် သံအမတ်ကြီး မစ္စစ် ဆူဇန် ကလီဘန့်အား ယနေ့မွန်းလွဲ ၂ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်၌ လက်ခံတွေ့ဆုံသည်။

 

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ အဆင့်မြင့် ခရီးစဉ်များ စီစဉ်ရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတို့တွင် အပြန်အလှန်ထောက်ခံကူညီရေး တို့နှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်

မူရင်းသတင်း — Myanmar Digital News