Eleven Media Group

■ ယုဇနပလာဇာအနီးရှိ နှင်းဆီလမ်းတွင် မီးလောင်မှု ဖြစ်ပွား

မင်္ဂလာတောင်ညွန့်မြို့နယ် ယုဇနပလာဇာအနီးရှိ နှင်းဆီလမ်းတွင် ဧပြီ ၇ ရက် ညနေပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဧပြီ ၇ ရက် ညနေ ၃ နာရီ ၄၉ မိနစ်တွင် မင်္ဂလာတောင်ညွန့်မြို့နယ် နှင်းဆီလမ်းရှိ တိုက်ခန်းတစ်ခန်းတွင် မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရသည်။

"နှင်းဆီလမ်းထဲက တိုက်ခန်းမှာလောင်တာ။ ဝါယာရှော့အနံ့ရတယ်။ လမ်းထဲမှာ မီးသတ်ကားတွေ အပြည့်ပါ"ဟု မီးလောင်ရာနေရာအနီးနေသူတစ်ဦးက ပြောကြားသည်။

မီးလောင်ကျွမ်းရာသို့ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဒေါပုံမြို့နယ်၊ တာမွေမြို့နယ်၊ ပုဇွန်တောင်မြို့နယ်တို့မှ မီးသတ်ယာဉ်များ လာရောက်မီးငြှိိမ်းသတ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

"ပလာဇာအနီးက ပစ္စည်းတွေထားတဲ့ တိုက်ခန်း လောင်တာပါ။ မီးအရမ်းမများပါဘူး"ဟု မီးလောင်ရာနေရာ​သို့ ရောက်ရှိနေသည့် ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ မီးလောင်ကျွမ်းမှုအား မီးသတ်တပ်ဖွဲ့မှ နာရီဝက်ခန့် မီးငြှိိမ်းသတ်ခဲ့ရပြီး ညနေ ၄ နာရီ ၂၀ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

ဓာတ်ပုံ- PST၊ MFSD

မူရင်းသတင်း — Eleven Media Group