Eleven Media Group

■ ရန်ကုန်-မန္တလေးအမြန်လမ်းတွင် Dead Body တင်ဆောင်လာသော နာကူယာဉ်တစ်စီး ဘီးပေါက်ပြီး လမ်းလယ်ကျွန်းရှိ Road Curb တုံးများကို ဝင်တိုက်

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် Dead Body တင်ဆောင်လာသော နာကူယာဉ်တစ်စီး ဘီးပေါက်ပြီး လမ်းလယ်ကျွန်းရှိ Road Curb တုံးများကို ဝင်တိုက်မှု နိုဝင်ဘာ ၄ ရက် က ဖြစ်ပွားကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့မှ သိရသည်။


ဖြစ်စဉ်မှာ နိုဝင်ဘာ ၄ ရက် နံနက် ၁ နာရီ ၅ မိနစ် ခန့်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် မန္တလေးဘက်မှနေပြည်တော်ဘက်(အပြန်လမ်း) သို့ မောင်းနှင်လာသော Super Custom အမျိုးအစား နာရေးကူညီမှုယာဉ် (ယာဉ်အမှတ် HSE--- ) သည် လမ်းမကြီး မိုင်တိုင်အမှတ် ၂၂၇/၀ သို့အရောက်တွင် မော်တော်ယာဉ်၏ နောက်ယာဘက်ဘီးမှာ ရုတ်တရက် ပေါက်သွားခဲ့ရာမှ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်ရှိ Road Curb တုံးများကို ဝင်ရောက်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

အခင်းဖြစ်စဉ်နေရာသို့ အမြန်လမ်းတပ်ဖွဲ့တာဝန်ရှိသူများနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိလာပြီး လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ယာဉ်ကြောရှင်းလင်းရေးများကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ယာဉ်မတော်တဆမှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာကြသည့် ယာဉ်မောင်းအပါအဝင် အမျိုးသား သုံးဦးတို့မှာ ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) အသီးသီး ရရှိခဲ့သဖြင့် ဆေးကုသမှုခံယူခဲ့ရပြီး မော်တော်ယာဉ်မှာ ရှေ့ခေါင်းပိုင်းပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

■

မူရင်းသတင်း — Eleven Media Group