Eleven Media Group

■ ဒဂုံတောင်မြို့နယ် မြိတ်လမ်းတွင် အထည်ဆိုင် မီးလောင်မှုဖြစ်ပွား

ဒဂုံတောင်မြို့နယ် မြိတ်လမ်းတွင် အထည်ဆိုင် မီးလောင်မှု ဧပြီ ၂၁ ရက် ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း မီးလောင်မှုဖြစ်ပွားရာနေရာသို့ သွားရောက်ခဲ့သည့် ပရဟိတအဖွဲ့များထံမှ သိရသည်။

ဧပြီ ၂၁ ရက် ည ၆ နာရီ ၄၇ မိနစ်တွင် ဒဂုံတောင်မြို့နယ် (၂၄) ရပ်ကွက် မြိတ်လမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရသဖြင့် ဒဂုံတောင်မြို့နယ် မီးသတ်စခန်းမှ မီးငြှိိမ်းသတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ်တစ်စီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှ မီးငြှိိမ်းသတ်ယာဉ်တစ်စီး၊ ကြက်ခြေနီတပ်ဖွဲ့များနှင့် ပရဟိတအဖွဲ့များမှ သွားရောက်ကာ မီးငြှိမ်းသတ်ရေးပြုလုပ်ခဲ့သည်။

"မြိတ်လမ်းက အထည်ဆိုင် မီးလောင်တာလို့ သိရပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူတော့ မရှိပါဘူး"ဟု မီးလောင်ရာသို့ ရောက်ရှိခဲ့သည့် ပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မီးလောင်မှုအား မိနစ်နှစ်ဆယ်ကျော်ခန့် မီးငြှိမ်းသတ်ခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဧပြီ ၂၁ ရက်က အထည်ဆိုင် မီးလောင်မှု အပါအဝင် ကမာရွတ်မြို့နယ်တွင် ယာဉ်တစ်စီးမီးလောင်မှုနှင့် ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ကွင်းမီးလောင်မှုတို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - MFSD၊ YRO

မူရင်းသတင်း — Eleven Media Group