
ဒါးလက်စ်၊ အမေရိကန်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ ဒါးလက်စ်မြို့တွင် ဇွန် ၂၇ ရက်က လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းနှင့် ဂျော်ဒန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ဖီဖာကမ္ဘာ့ဖလား အုပ်စု-J ပွဲစဉ်၌ အာဂျင်တီးနားအသင်းက ၃-၁ ဂိုးဖြင့် အနိုင်ရရှိကာ အုပ်စုဗိုလ်အဖြစ် ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့သလို အရန်ခုံမှ ဝင်ရောက်ကစားခဲ့သည့် လီယွန်နယ် မက်ဆီကလည်း ယခုကမ္ဘာ့ဖလားပြိုင်ပွဲ၌ ၆ ဂိုးမြောက် သွင်းဂိုးကို သွင်းယူနိုင်ခဲ့သည်။
အာဂျင်တီးနားအသင်းအနေဖြင့် အယ်လ်ဂျီးရီးယားနှင့် ဩစတြီးယားအသင်းတို့ကို အနိုင်ရရှိပြီးနောက် အုပ်စုဗိုလ်အဖြစ် နောက်တစ်ဆင့်တက်နိုင်ရန် သေချာနေပြီဖြစ်ရာ အဆိုပါပွဲစဉ်၏ အနိုင်အရှုံးရလဒ်မှာ အရေးမပါတော့ပေ။ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ပါဝင်ခွင့်ရခဲ့သည့် ဂျော်ဒန်အသင်းမှာမူ အဖွင့်ပွဲစဉ် နှစ်ပွဲလုံး ရှုံးနိမ့်ခဲ့ပြီးနောက် ပြိုင်ပွဲမှထွက်ခွာခဲ့ရပြီးဖြစ်သည်။
အာဂျင်တီးနားအသင်းနည်းပြ လီယွန်နယ် စကာလိုနီက ပွဲထွက်လူစာရင်းကို ကိုးနေရာအထိ အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး ဂိုးသမား အမ်မီလီယာနို မာတီနက်ဇ်နှင့် တိုက်စစ်မှူး လော်တာရို မာတီနက်ဇ်တို့ နှစ်ဦးကိုသာ ပွဲထွက်ကစားသမားအဖြစ် ဆက်လက်အသုံးပြုခဲ့သည်။ မက်ဆီအား အရန်ခုံ၌သာထားရှိကာ အနားပေးခဲ့ပြီး ဝါရင့်နောက်ခံလူ နစ်ကိုးလပ်စ် အော်တာမန်ဒီက အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သည်။
အာဂျင်တီးနားအသင်းက ပွဲအစကတည်းကပင် ကစားကွက်အသာဖြင့် စိုးမိုးထားခဲ့ပြီး ပွဲကစားချိန် ၁၉ မိနစ်တွင် အဖွင့်ဂိုးရရှိခဲ့သည်။ ဂျော်ဒန်နောက်ခံလူ မိုဟန်နက် အဘူတာဟာက ပင်နယ်တီဧရိယာအပြင်ဘက်၌ ပြစ်ဒဏ်ကျူးလွန်ခဲ့သဖြင့် ဖရီးကစ်ကန်ခွင့်ရရှိခဲ့ရာ အာဂျင်တီးနားအသင်းမှ ဂျီယိုဗန်နီ လိုဆယ်လ်ဆိုက ဂိုးအပေါ်ထောင့်ထဲသို့ ဘယ်ခြေဖြင့် လှလှပပ ဝေ့ဝိုက်ကန်သွင်းခဲ့ခြင်းဖြစ်သည်။
ပွဲချိန် ၃၁ မိနစ်တွင် အာဂျင်တီးနားအသင်း ဒုတိယဦးဆောင်ဂိုးရရှိခဲ့သည်။ ဂိုးဧရိယာထဲတွင် ဂျော်ဒန်ခံစစ်က မားကို့စ် ဆန်နီစီကို ဝင်ရောက်ပုံကြမ်းတမ်းခဲ့သဖြင့် ကွင်းလယ်ဒိုင်က VAR ပြန်ကြည့်ပြီး အာဂျင်တီးနားအသင်းကို ပင်နယ်တီကန်ခွင့်ပေးခဲ့ရာ လော်တာရို မာတီနက်ဇ်က ဂိုးအဖြစ်ပြောင်းလဲ၍ ၂-၀ ဂိုး ဖြစ်စေခဲ့သည်။
ဒုတိယပိုင်း ပွဲချိန် ၁၀ မိနစ်တွင် ဂျော်ဒန်အသင်းက ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူနိုင်ခဲ့သည်။ အာဆန် ဟက်ဒက် ညာခြမ်းမှ ဖြတ်တင်ပေးမှုကို မူဆာ အယ်လ်တမ်မာရီက အလိုက်သင့် ပြေးဝင်ပိတ်သွင်းခဲ့ရာ ဂိုးသမား အမ်မီလီယာနို မာတီနက်ဇ် ကာကွယ်နိုင်ခြင်းမရှိပေ။
ပွဲချိန် မိနစ် ၆၀ တွင် မက်ဆီ လူစားဝင်လာခဲ့ရာ ပရိသတ်များက အကြီးအကျယ် လက်ခုပ်တီးကာ ဂုဏ်ပြုကြိုဆိုခဲ့ကြပြီး မက်ဆီက ကွင်းထဲဝင်လာပြီး မိနစ် ၂၀ အကြာတွင် ၎င်း၏ အမှတ်သညာဖြစ်သော ဖရီးကစ်ကန်ချက်ဖြင့် ပွဲသိမ်းအနိုင်ဂိုး သွင်းယူပေးခဲ့သည်။ မက်ဆီ၏ အနိမ့်ကန်ချက်မှာ လူတံတိုင်းကို ဝေ့ဝိုက်ကျော်လွှားကာ အဝေးထောင့်ထဲသို့ ဝင်ရောက်သွားသဖြင့် အာဂျင်တီးနားက ၃-၁ ဂိုးဖြင့် ဦးဆောင်ထားနိုင်ခဲ့သည်။
မက်ဆီမှာ သုံးပွဲကစားထားရာ ခြောက်ဂိုးသွင်းယူထားနိုင်သည့်အတွက် ယခုကမ္ဘာ့ဖလားပြိုင်ပွဲ၏ ရွှေဖိနပ်ဆုစာရင်း၌ ထိပ်ဆုံးမှ ပြတ်ပြတ်သားသား ဦးဆောင်လျက်ရှိသည်။ အဆိုပါ အသက် ၃၉ နှစ်အရွယ် ကစားသမားမှာ သမိုင်းတစ်လျှောက် ကမ္ဘာ့ဖလားသွင်းဂိုးအများဆုံး ကစားသမားစာရင်း၌လည်း သွင်းဂိုး ၁၉ ဂိုးဖြင့် ဦးဆောင်လျက်ရှိသည်။
နည်းပြစကာလိုနီက မက်ဆီအနေဖြင့် ပွဲချိန်ပြည့် ကစားနိုင်သော်လည်း ရှုံးထွက်အဆင့်အတွက် ရည်ရွယ်ကာ ပွဲကစားချိန်ကို သင့်တော်သလို စီမံခဲ့ခြင်းဖြစ်သည်ဟု ပွဲအပြီးတွင် ပြောကြားခဲ့သည်။
“သူက မိနစ် ၉၀ လုံးလုံး ကစားနိုင်ပေမဲ့ တခြားကစားသမားတွေကို ပွဲကစားချိန် ပေးချင်တာကြောင့်ရယ်၊ လာမယ့်ပွဲစဉ်အတွက် ကြိုပြီးစဉ်းစားခဲ့တာရယ်ကြောင့်ပါ။ သူက တစ်သီးပုဂ္ဂလ စံချိန်မှတ်တမ်းတွေကို သိပ်ပြီးအလေးမထားတတ်ပါဘူး” ဟု နည်းပြစကာလိုနီက ဆိုသည်။ “ကစားသမားအားလုံး အသင့်ဖြစ်နေဖို့လိုပါတယ်။ အဲဒါက ကျွန်တော်တို့ရဲ့ အစီအစဉ်ဖြစ်ပြီး သူတို့ကို စိတ်ချယုံကြည်နိုင်တယ်ဆိုတာကိုလည်း ဒီကနေ့မှာ သူတို့တွေ ပြသခဲ့ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ယခုအနိုင်ရလဒ်ကြောင့် အာဂျင်တီးနားအသင်းအနေဖြင့် ဘရာဇီးနိုင်ငံတွင် ကျင်းပခဲ့သည့် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲနောက်ပိုင်း ကမ္ဘာ့ဖလား အုပ်စုအဆင့်၌ ရာနှုန်းပြည့်အနိုင်ရရှိသည့် မှတ်တမ်းကို ပထမဆုံးအကြိမ် ရယူနိုင်ခဲ့သည်။
အာဂျင်တီးနားအသင်းမှာ ဇူလိုင် ၃ ရက်တွင် ရှုံးထွက် ၃၂ သင်းအဆင့် ပွဲစဉ်အဖြစ် ကိတ်ဗာဒီ (ကာဘို ဗာဒီ) အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ (Xinhua)

အမေရိကန်နိုင်ငံ ဒါးလက်စ်မြို့ရှိ ဒါးလက်စ်အားကစားကွင်းတွင် ၂၀၂၆ ခုနှစ် ဇွန် ၂၇ ရက်က အာဂျင်တီးနားအသင်းနှင့် ဂျော်ဒန်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား အုပ်စု-J ပွဲစဉ်၌ အာဂျင်တီးနားအသင်းဖော် လော်တာရို မာတီနက်ဇ်၏ နေရာတွင် လီယွန်နယ် မက်ဆီ (ဝဲ) လူစားဝင်ရောက်လာစဉ် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဒါးလက်စ်မြို့ရှိ ဒါးလက်စ်အားကစားကွင်းတွင် ၂၀၂၆ ခုနှစ် ဇွန် ၂၇ ရက်က အာဂျင်တီးနားအသင်းနှင့် ဂျော်ဒန်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား အုပ်စု-J ပွဲစဉ်၌ အာဂျင်တီးနားအသင်းမှ ဂျူလီယန် အယ်လ်ဗာရက်ဇ် (ရှေ့) ၏ ယှဉ်ပြိုင်ကစားဟန်ကို တွေ့ရစဉ် (ဆင်ဟွာ)

………………
(English Version)
Messi comes off bench to score as Argentina wins group with perfect record
DALLAS, United States, June 28 (Xinhua) — Lionel Messi came off the bench to score his tournament-leading sixth goal as defending champion Argentina beat Jordan 3-1 here on Saturday, completing a perfect Group J campaign at the FIFA World Cup and advancing to the knockout stage as group winner.
With qualification and top spot already secured after victories over Algeria and Austria, Argentina had little riding on the result. Jordan, making its World Cup debut, had already been eliminated after losing its opening two matches.
Argentina coach Lionel Scaloni made nine changes to his starting lineup, retaining only goalkeeper Emiliano Martinez and striker Lautaro Martinez. Messi was rested on the bench, while veteran defender Nicolas Otamendi captained the side.
Argentina dominated from the outset and opened the scoring in the 19th minute when Giovani Lo Celso curled a superb left-footed free kick into the top corner, after Jordan defender Mohannad Abutaha conceded a foul just outside the penalty area.
Argentina doubled its lead in the 31st minute. After a VAR review, the referee awarded Argentina a penalty when Marcos Senesi was kicked in the head while challenging for the ball inside the area. Lautaro Martinez converted from the spot to make it 2-0.
Jordan reduced the deficit 10 minutes into the second half. Ehsan Haddad delivered a cross from the right and Mousa Altamari slid in to steer the ball beyond Emiliano Martinez.
Messi entered the match in the 60th minute to a thunderous ovation from the crowd and capped the victory 20 minutes later with a trademark free kick. The Argentine captain kept his effort low, bending it around the wall and into the far corner to seal a 3-1 win.
Messi has now scored six goals in three matches, moving clear at the top of the tournament’s Golden Boot race. The 39-year-old also extended his lead in the all-time World Cup scoring list with 19 goals.
Scaloni said that Messi was capable of playing the full match but was managed with the knockout stage in mind.
“He could have played 90 minutes, but we wanted to give others minutes and think about what is coming next. He is not too concerned about personal records,” the coach said. “We need all the players ready. That is our plan, and today they showed they can be trusted.”
The victory marked Argentina’s first perfect group-stage campaign at a World Cup since 2014 in Brazil.
Argentina will face Cabo Verde in the round of 32 on July 3.
English Caption 1
Lionel Messi (L) of Argentina scores their third goal from a free kick during the group J match between Jordan and Argentina at the 2026 FIFA World Cup at Dallas Stadium in Dallas, the United States, on June 27, 2026. (Xinhua/Cheng Min)
English Caption 2
Lionel Messi (L) of Argentina repalces Lautaro Martinez during the group J match between Jordan and Argentina at the 2026 FIFA World Cup at Dallas Stadium in Dallas, the United States, on June 27, 2026. (Xinhua/Cheng Min)
English Caption 3
Julian Alvarez (front) of Argentina competes during the group J match between Jordan and Argentina at the 2026 FIFA World Cup at Dallas Stadium in Dallas, the United States, on June 27, 2026. (Xinhua/Wu Xiaoling)