
ကရာကက်စ်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအစိုးရက ဗင်နီဇွဲလားနိုင်ငံအား အကူအညီပေးသော ပထမအသုတ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာငလျင်ဘေးကယ်ဆယ်ရေး ထောက်ပံ့ရေးပစ္စည်းများသည်ဇူလိုင် ၆ ရက်တွင် ဗင်နီဇွဲလားနိုင်ငံ မြို့တော်ကရာကက်စ် အနီးတစ်ဝိုက်ရှိ Maiquetia Simon Bolivar အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပို့ဆောင်ရောက်ရှိခဲ့သည်။
ဗင်နီဇွဲလားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Yvan Gil နှင့် ဗင်နီဇွဲလားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လန်ဟူ တို့သည် ထိုနေ့တွင် လေဆိပ်၌ သွားရောက်ကြိုဆိုခဲ့သည်။ ဗင်နီဇွဲလားနိုင်ငံတွင် ယခုအကြိမ် အင်အားပြင်းငလျင် လှုပ်ခတ်ပြီးနောက် တရုတ်နိုင်ငံသည် ဗင်နီဇွဲလားနိုင်ငံအစိုးရနှင့် အစဉ်အမြဲ နီးကပ်စွာ ချိတ်ဆက်မှုများ လုပ်ဆောင်နေကြောင်း၊ ယခုအကြိမ်ထောက်ပံ့ရေးပစ္စည်းများတွင် ရွက်ဖျင်တဲ၊ မီးစက် စသည်တို့ ပါဝင်ပြီး နေအိမ်ဆုံးရှုံးသွားရသောငလျင်ဒဏ်သင့်ပြည်သူများအတွက် ကြီးမားသော အနက်အဓိပ္ပာယ်ရှိသလို နှစ်နိုင်ငံ၏ အချိန်ကာလနှင့်အမျှခိုင်မြဲနေသော အချိန်အခါမရွေး မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ထင်ဟပ်စေကြောင်း Yvan Gil က ဆင်ဟွာသတင်းထောက် မေးမြန်းမှုတွင် ပြောကြားခဲ့သည်။
Yvan Gil က သဘာဝဘေးဖြစ်ပွားပြီးနောက် ဗင်နီဇွဲလားနိုင်ငံရှိ တရုတ်နွယ်ဖွားအစုအဖွဲ့နှင့် တရုတ်ရင်းနှီးမြှုပ်နှံသောကုမ္ပဏီများက တက်ကြွစွာ ကူညီသောလက်များ ကမ်းလင့်ပေးခဲ့ပြီး အစကတည်းက ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်၍ အိုးအိမ်မဲ့နေသော ပြည်သူများကို စောင့်ရှောက်ခဲ့ရာ မြင်ကွင်းများစွာမှာ ကြည်နူးဖွယ်ဖြစ်စေကြောင်း ဆိုခဲ့သည်။
ဇွန် ၂၄ ရက် ညပိုင်းတွင် ဗင်နီဇွဲလားနိုင်ငံ၌ နှစ်တစ်ရာကျော်အတွင်း အပြင်းထန်ဆုံးငလျင်လှုပ်ခတ်ခဲ့ရာ တစ်မိနစ်အတွင်း ပြင်းအားအဆင့် ၇ နှင့်အထက်ရှိသော အင်အားပြင်းငလျင် နှစ်ကြိမ်လှုပ်ခတ်ခဲ့ပြီး လက်ရှိအထိ သေဆုံးသူ ၃,၃၄၂ ဦးရှိကာ ဒဏ်ရာရရှိသူ ၁၆,၇၄၀ ဦးရှိကြောင်း သိရသည်။ (Xinhua)

ဗင်နီဇွဲလားနိုင်ငံ မြို့တော်ကရာကက်စ် အနီးတစ်ဝိုက်ရှိ Maiquetia Simon Bolivar အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဝန်ထမ်းများက တရုတ်လေယာဉ်မှ ကူညီရေးပစ္စည်းများအား အောက်ချပေးနေသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၆ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)
—————–
(Chinese Version)
中国政府援助委内瑞拉首批紧急人道主义救灾物资运抵
新华社加拉加斯7月6日电(记者田睿 朱雨博)中国政府援助委内瑞拉首批紧急人道主义救灾物资6日运抵委内瑞拉首都加拉加斯附近的迈克蒂亚西蒙·玻利瓦尔国际机场。
委内瑞拉外交部长希尔和中国驻委内瑞拉大使蓝虎当天在现场接机。希尔在接受新华社记者采访时表示,委内瑞拉此次发生强震后,中方始终与委内瑞拉政府保持密切沟通。这批物资包括帐篷、发电机等,对于失去家园的受灾民众来说意义重大,彰显两国历久弥坚的全天候战略伙伴关系。
希尔表示,灾害发生后,在委内瑞拉华人群体与中资企业积极伸出援手,从第一刻起就参与救援工作,照顾无家可归的民众,许多场景令人动容。
6月24日晚,委内瑞拉发生百余年来最强地震,一分钟内出现两次7级以上强震,截至目前已造成3342人死亡、16740人受伤。(完)
图说:7月6日,在委内瑞拉首都加拉加斯附近的迈克蒂亚西蒙·玻利瓦尔国际机场,工作人员从来自中国的飞机上卸下物资。新华社发(马科斯·萨尔加多摄)