Xinhua Myanmar

ဒီကက်တလေရာ၏ ခြေစွမ်းပြမှုနှင့်အတူ ဘယ်လ်ဂျီယမ်အသင်း ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် တက်ရောက်နိုင်ခဲ့ပြီး အမေရိကန်အသင်း ပြိုင်ပွဲမှထွက်ခွာခဲ့ရ

ဆီယက်တဲလ်၊ အမေရိကန်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)
ဇူလိုင် ၆ ရက်က ဘယ်လ်ဂျီယမ်အသင်းနှင့် အမေရိကန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ဖီဖာကမ္ဘာ့ဖလား ၁၆ သင်းအဆင့် ပွဲစဉ်၌ ဘယ်လ်ဂျီယမ်က ၄-၁ ဂိုးဖြင့် အနိုင်ရရှိကာ ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပြီး ချားလ်စ် ဒီကက်တလေရာက ကိုယ်တိုင်နှစ်ဂိုးသွင်းယူကာ နောက်ထပ်သွင်းဂိုးတစ်ဂိုးကိုလည်း ဖန်တီးပေးခဲ့သည်။
အတ္တလန်တာကွင်းလယ်လူ ဒီကက်တလေရာက ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး မာလစ်ခ် တေးလ်မန်းက ဖရီးကစ်မှတစ်ဆင့် ပြန်လည်ချေပခဲ့ပြီးနောက် ဒီကက်တလေရာကပင် ဟန်စ် ဗန်နာကန်နှင့် တွဲလုံးမှတစ်ဆင့် ဘယ်လ်ဂျီယမ်အတွက် တတိယဂိုးသွင်းယူခဲ့သည်။
ထပ်ဆောင်းအချိန်ပိုတွင် လူစားဝင်ကစားသမား ရိုမီလူ လူကာကူက အနိုင်သေချာစေမည့်ဂိုးကို သွင်းယူခဲ့ရာ ဘယ်လ်ဂျီယမ်အသင်းအနေဖြင့် လော့စ်အိန်ဂျလိစ်မြို့တွင် ဇူလိုင် ၁၀ ရက်၌ စပိန်အသင်းနှင့် ကွာတားဖိုင်နယ်ပွဲစဉ် ကစားရမည်ဖြစ်သည်။
ပွဲစသည်နှင့် ဘယ်လ်ဂျီယမ်အသင်းက ဂိုးရရှိရန် ကြိုးပမ်းခဲ့ပြီး တင်မသီ ကက်စတက်ဂ်နီ၏ ကန်ချက်ကို အမေရိကန်ဂိုးသမား မတ်ထ် ဖရိစ် စောစောစီးစီး ကာကွယ်ခဲ့ရပြီး ထို့နောက် ပွဲကစားချိန် ၉ မိနစ်တွင် ဘယ်လ်ဂျီယမ်အသင်း ဦးဆောင်ဂိုးရရှိခဲ့သည်။
လီယန်ဒရို ထရော့ဆက်ဒ်၏ ဖြတ်တင်ဘောပေးပို့မှုကို ရှင်းထုတ်ရင်း အမေရိကန်ဂိုးဧရိယာထဲတွင် ရှုပ်ယှက်ခတ်နေစဉ် နစ်ကိုးလပ်စ် ရက်စ်ကင်က လျှံထွက်လာသည့် ဘောလုံးကို ပြန်ခင်းပေးခဲ့ရာ ဒီကက်တလေရာက အနီးကပ်ပိတ်သွင်းခဲ့ခြင်းဖြစ်သည်။
အမာဒူ အိုနားနားအား ဒဏ်ရာကြောင့် ပထမပိုင်းတွင် လူစားလဲခဲ့ရခြင်းက အသင်း၏ဟန်ချက်ကို ထိခိုက်စေသော်လည်း ဘယ်လ်ဂျီယမ်ကသာ ဂိုးပေါက်ခြိမ်းခြောက်မှုများ ဆက်လက်ပြုလုပ်နိုင်ခဲ့ပြီး အမေရိကန်ကမူ အခွင့်အရေးကောင်းများ ဖန်တီးနိုင်ရန် ရုန်းကန်ခဲ့ရသည်။
မော်ရီစီယို ပိုချက်တီနို၏ အသင်းက ပွဲချိန် ၃၁ မိနစ်တွင် ချေပဂိုးရရှိသွားပြီး တေးလ်မန်း၏ ဖရီးကစ်ကန်ချက်မှာ လူတံတိုင်းနှင့်ထိ၍ လမ်းကြောင်းပြောင်းသွားခဲ့သဖြင့် ဂိုးသမား သီဘော့ထ် ကော်တိုအာ ကာကွယ်နိုင်ခြင်းမရှိပေ။
ထို့နောက် နှစ်မိနစ်အကြာတွင် ဘယ်လ်ဂျီယမ်က ဦးဆောင်ဂိုးပြန်လည်ရရှိသွားပြီး ထရော့ဆက်ဒ်က ၁၈ ကိုက်စည်းနားမှ ဖြတ်တင်ပေးမှုကို ဒီကက်တလေရာက အနီးကပ်ခေါင်းတိုက်ခဲ့ခြင်းဖြစ်သည်။ ပထမပိုင်းပြီးခါနီးတွင် အမေရိကန်အသင်း ချေပဂိုးရရှိရန် နီးစပ်ခဲ့သော်လည်း ဖိုလာရင် ဘာလိုဂန်၏ အဆုံးသတ်မှုကို ကော်တိုအာက ဂိုးစည်းပေါ်မှ ရှင်းထုတ်နိုင်ခဲ့သည်။
ဒုတိယပိုင်းတွင် နည်းပြပိုချက်တီနိုက ဂျီယိုဗန်နီ ရေနာကို ထည့်သွင်းခဲ့သော်လည်း ပွဲချိန် ၅၇ မိနစ်တွင် ဘယ်လ်ဂျီယမ်က အနိုင်ဂိုးထပ်မံသွင်းယူခဲ့သည်။ အမေရိကန်ဂိုးသမား ဖရိစ်မှာ အဝေးဘောပေးပို့မှုကို ဂိုးဧရိယာအပြင်ဘက်ထွက်၍ ရှင်းထုတ်ရန် ကြိုးပမ်းရာတွင် တုံ့ဆိုင်းနေသည့်အတွက် အိုနာနာ၏နေရာတွင် လူစားဝင်လာသည့် ဗာနာကန်က ဂိုးသမားမရှိတော့သည့် ဂိုးပေါက်ထဲသို့ အသာမ၍ ကန်သွင်းခဲ့ခြင်းဖြစ်သည်။
ပွဲချိန် ၉၃ မိနစ်တွင် ခရစ်စ် ရစ်ချက်စ် ဘောလုံးဖျက်ထုတ်ပုံ မသေသပ်မှုကို လူကာကူက ပိုင်ပိုင်နိုင်နိုင်အသုံးချ၍ အဝေးထောင့်ထဲသို့ အနိမ့်ဘောကန်သွင်းခဲ့ရာ ဘယ်လ်ဂျီယမ်အသင်းက စတုတ္ထဂိုးရရှိသွားပြီး ပူးတွဲအိမ်ရှင် အမေရိကန်အသင်း၏ ဆုဖလား မျှော်လင့်ချက်များ အဆုံးသတ်သွားခဲ့သည်။ (Xinhua)

အမေရိကန်နိုင်ငံ ဆီယက်တဲလ်မြို့ရှိ ဆီယက်တဲလ် အားကစားကွင်း၌ ၂၀၂၆ ခုနှစ် ဇူလိုင် ၆ ရက်က ဘယ်လ်ဂျီယမ်အသင်းနှင့် အမေရိကန်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ၁၆ သင်းအဆင့် ပွဲစဉ်တွင် ဘယ်လ်ဂျီယမ်အသင်းမှ ချားလ်စ် ဒီကက်တလေရာ (ယာ-ဒုတိယ) ဂိုးသွင်းယူနေစဉ် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဆီယက်တဲလ်မြို့ရှိ ဆီယက်တဲလ် အားကစားကွင်း၌ ၂၀၂၆ ခုနှစ် ဇူလိုင် ၆ ရက်က ဘယ်လ်ဂျီယမ်အသင်းနှင့် အမေရိကန်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ၁၆ သင်းအဆင့် ပွဲစဉ်တွင် ဘယ်လ်ဂျီယမ်အသင်းမှ လီယန်ဒရို ထရော့ဆက်ဒ် (အလယ်-ရှေ့) နှင့် အမေရိကန်အသင်းမှ ဆာဂျီနို ဒက်စ် (ယာ-ရှေ့)၊ အဲလက်စ် ဖရီးမန်း (ဝဲ-ရှေ့) တို့ ဘောလုံးယှဉ်လုနေစဉ် (ဆင်ဟွာ)


……………….
(English Version)
De Ketelaere leads Belgium into FIFA World Cup quarters as U.S. exits
SEATTLE, United States, July 6 (Xinhua) — Charles De Ketelaere scored twice and set up another goal as Belgium advanced to the FIFA World Cup quarterfinals on Monday with a 4-1 win over the United States.
De Ketelaere scored either side of Malik Tillman’s free kick before the Atalanta midfielder combined with Hans Vanaken for Belgium’s third.
Substitute Romelu Lukaku put the result beyond doubt in stoppage time as Belgium set up a clash with Spain in Los Angeles on July 10.
Belgium seized the initiative from the kickoff as Timothy Castagne forced Matt Freese into an early save before the European side took the lead in the ninth minute.
Leandro Trossard’s cross caused problems in the United States area, allowing Nicolas Raskin to gather the loose ball and square for De Ketelaere, who finished from close range.
The United States struggled to create clear openings as Belgium continued to threaten, although Amadou Onana’s first-half departure through injury disrupted its rhythm.
Mauricio Pochettino’s side equalized in the 31st minute when Tillman’s free kick deflected off the wall and wrong-footed Thibaut Courtois.
Belgium restored its advantage two minutes later as Trossard reached the byline and crossed for De Ketelaere to head in from close range. The United States almost replied before halftime, but Courtois raced off his line to deny Folarin Balogun.
Pochettino introduced Giovanni Reyna after the break, but Belgium struck again in the 57th minute. Freese hesitated while trying to clear a long ball outside his area, allowing Vanaken, who had replaced Onana, to chip into an empty net.
Belgium added a fourth in the 93rd minute when Chris Richards botched an attempted clearance and Lukaku pounced, lashing a low shot into the far corner to end co-host United States’ title hopes.
English Caption 1
Charles De Ketelaere (C) of Belgium vies with Matt Freese (R), goalkeeper of the United States, during the round of 16 match between the United States and Belgium at the 2026 FIFA World Cup at Seattle Stadium in Seattle, the United States, July 6, 2026. (Xinhua/Xu Chang)
English Caption 2
Charles De Ketelaere (2nd R) of Belgium scores during the round of 16 match between the United States and Belgium at the 2026 FIFA World Cup at Seattle Stadium in Seattle, the United States, July 6, 2026. (Xinhua/Cao Can)
English Caption 3
Leandro Trossard (C, front) of Belgium vies with Sergino Dest (R, front) and Alex Freeman (L, fornt) of the United States during the round of 16 match between the United States and Belgium at the 2026 FIFA World Cup at Seattle Stadium in Seattle, the United States, July 6, 2026. (Xinhua/Cao Can)

မူရင်းသတင်း — Xinhua Myanmar