Xinhua Myanmar

ဆင်ဟွာသတင်းဌာနနှင့် TASS သတင်းဌာန နိုင်ငံဖြတ်ကျော် ပူးတွဲတွေ့ဆုံမေးမြန်းမှုအစီအစဉ် စတင်ခြင်းအခမ်းအနား မော်စကို၌ ကျင်းပ

မော်စကို၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဆင်ဟွာသတင်းဌာနနှင့် ရုရှားနိုင်ငံ TASS သတင်းဌာန ပူးပေါင်းဆောင်ရွက်မှု နှစ် ၇၀ ပြည့် အထိမ်းအမှတ်အနေဖြင့် တရုတ်-ရုရှား နိုင်ငံဖြတ်ကျော် ပူးတွဲတွေ့ဆုံမေးမြန်းမှုအစီအစဉ် စတင်ခြင်း အခမ်းအနားကို ဇူလိုင် ၆ ရက်တွင် ရုရှားနိုင်ငံ မော်စကိုမြို့ TASS သတင်းဌာနရုံးချုပ်အဆောက်အအုံ အရှေ့ ရင်ပြင်တွင် ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားသို့ ရုရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ် Dmitry Chernyshenko ၊ TASS သတင်းဌာန အကြီးအကဲ Andrey Kondrashov ၊ ရုရှားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ကျန်းဟန့်ဟွေးနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Maria Zakharova တို့ တက်ရောက်ခဲ့သည်။
Dmitry Chernyshenko က TASS သတင်းဌာနနှင့် ဆင်ဟွာသတင်းဌာန၏ ပူးပေါင်းဆောင်ရွက်မှုသည် အစဉ်အမြဲ ရုရှား-တရုတ် နှစ်နိုင်ငံ အကြီးအကဲအလွှာ၏ တွန်းအားပေးမှုအောက်တွင် နက်ရှိုင်းခိုင်မြဲလာကြောင်း၊ ယခုအကြိမ် ပူးတွဲတွေ့ဆုံမေးမြန်းမှုအစီအစဉ်၏ ရုရှားအပိုင်းကို ရုရှား “Golden Ring” ယဉ်ကျေးမှု ခရီးသွားလာရေးလမ်းကြောင်းကို ပင်မလမ်းကြောင်းအဖြစ် ထားရှိပြီး မြေပြင်ကွင်းဆင်းအင်တာဗျူး လုပ်ဆောင်မည်ဖြစ်ကြောင်း၊ နှစ်ဖက် စုစုပေါင်း သတင်းထောက် ၂၅ ဦးဖြင့် ဖွဲ့စည်းထားသော အင်တာဗျူးအဖွဲ့သည် ရုရှား “သမိုင်းသင်ရိုးညွှန်းတမ်း” ဟု တင်စားထိုက်သော ယဉ်ကျေးမှု နာမည်ကျော်မြို့များစွာသို့ သွားရောက်လေ့လာကြမည်ဖြစ်ကြောင်း၊ ယခုအကြိမ်အစီအစဉ်သည် သတင်းဌာနနှစ်ခုအကြား လက်တွေ့ဖလှယ်မှုများကို နက်ရှိုင်းစေပြီး နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု လမ်းကြောင်းကို တိုးချဲ့နိုင်သည့်အပြင် ရုရှား-တရုတ် နှစ်နိုင်ငံယဉ်ကျေးမှုခရီးသွားလာရေးနှင့် ခရီးသွားလာရေးလုပ်ငန်း ညှိနှိုင်းဖွံ့ဖြိုးတိုးတက်မှုကို ကူညီတွန်းအားပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Andrey Kondrashov က ယခုအကြိမ် ပူးတွဲတွေ့ဆုံမေးမြန်းမှုအစီအစဉ်သည် ရုရှား-တရုတ်မီဒီယာများ၏ နက်ရှိုင်းသောပူးပေါင်းဆောင်ရွက်မှုအုတ်မြစ်ကို ပေါ်လွင်စေကြောင်း၊ သတင်းလုပ်ငန်းဆိုင်ရာဖလှယ်မှုအပြင် ရုရှားအပိုင်းခရီးစဉ်တွင်လည်း နှစ်နိုင်ငံပြည်သူများ ပိုမိုရင်းနှီးလာစေရန် ဆောင်ရွက်ထားကြောင်း၊ ၎င်းအနေဖြင့် သတင်းဌာနနှစ်ခုက ယခုအကြိမ်အစီအစဉ်ကို ချိတ်ဆက်မှုအဖြစ် ထားရှိကာ နှစ်ဖက်၏ လုပ်ငန်းဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းသောအလွှာဖြစ်သည့် လူမှုယဉ်ကျေးမှု ပေါင်းစည်းမှုအဖြစ် တွန်းအားပေးသွားပြီး ရုရှား-တရုတ် နှစ်ဖက်ဆက်ဆံရေးအတွက် တွန်းအားအသစ်များ ဖြည့်တင်းပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ကျန်းဟန့်ဟွေးက နှစ်နိုင်ငံအကြီးအကဲများ၏ မဟာဗျူဟာမြောက်စီစဉ်မှုနှင့် ဦးဆောင်မှုအောက်တွင် တရုတ်-ရုရှား နှစ်ဖက်ဆက်ဆံရေးသည် သမိုင်းဝင်အထွတ်အထိပ်အဆင့်တွင် ရောက်ရှိနေကြောင်း၊ မီဒီယာများသည် တရုတ်-ရုရှားဆက်ဆံရေး တိုးတက်မှုကို တွန်းအားပေးရန်အတွက် အဓိကကျသည့်အခန်းကဏ္ဍမှ ပါဝင်နေကြောင်း၊ နှစ်ပေါင်း ၇၀ အတွင်း ဆင်ဟွာသတင်းဌာနနှင့် TASS သတင်းဌာနသည် တရုတ်-ရုရှား ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်တွင် ထဲထဲဝင်ဝင် ပါဝင်ခဲ့ပြီး နှစ်နိုင်ငံပြည်သူများ အပြန်အလှန် နားလည်သိရှိမှုကို စဉ်ဆက်မပြတ်နက်ရှိုင်းစေခဲ့ကြောင်း၊ သတင်းဌာနနှစ်ခု ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး ထူထောင်သည့် နှစ် ၇၀ ပြည့်ဟူသည့် အရေးကြီးသမိုင်းဝင်အခိုက်အတန့်တွင် နှစ်ဖက်က ပူးတွဲတွေ့ဆုံမေးမြန်းမှုအစီအစဉ် ဆောင်ရွက်ခြင်းသည် လေးနက်သော အနက်အဓိပ္ပာယ်ရှိကြောင်း၊ ယခုအကြိမ် ပူးတွဲတွေ့ဆုံဆွေးမေးမြန်းမှုသည် အစီအစဉ်ဆန်းသစ်ပြီး အကြောင်းအရာ အသေးစိတ်ကျသဖြင့် နှစ်နိုင်ငံပြည်သူများထံသို့ နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု၏ သက်ဝင်လှုပ်ရှားသောပုံရိပ်များကို ဘက်စုံထောင့်စုံ၊ ရှုထောင့်စုံမှ တင်ဆက်ပေးကာ သတင်းဌာနနှစ်ခုအကြား လက်တွေ့ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေသည့် စမှတ်အသစ်ဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Maria Zakharova က သတင်းဌာနနှစ်ခုသည် လက်ရှိတွင် “နှစ်ဖက်၏ ယခင်သွားလာဆက်ဆံ ပူးပေါင်းဆောင်ရွက်မှုများကို ပြန်လည်စီစဉ်” ပြီး ထူးခြားချက်ကြွယ်ဝသော ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းအသစ်ကို စီစဉ်ရေးဆွဲရမည်ဖြစ်ကြောင်း၊ ကွင်းဆင်းသွားရောက်ခြင်း၊ ကိုယ်တိုင်ခံစားခြင်းနှင့် ဆွေးနွေးဖလှယ်ခြင်းတို့သည် သိရှိမှုကိုအတည်ပြုရန်နှင့် အပြန်အလှန် နားလည်သိရှိမှုကို မြှင့်တင်ရန် အထောက်အကူပြုကြောင်း၊ ဆင်ဟွာသတင်းဌာနသတင်းထောက်များအနေဖြင့် “Golden Ring” လမ်းကြောင်းတစ်လျှောက်မြို့များကို သွားရောက်မည်ဖြစ်ရာ အဆိုပါလမ်းကြောင်းသည်လည်း ရုရှား-တရုတ် “ချစ်ကြည်ရေးလမ်းကြောင်း” ဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယခုအကြိမ် ပူးတွဲတွေ့ဆုံမေးမြန်းမှုအစီအစဉ်ကို ရုရှားနှင့် တရုတ် ဟူ၍ နှစ်ပိုင်းခွဲ၍ လုပ်ဆောင်သွားမည်ဖြစ်သည်။ ရုရှားအပိုင်း၏ အကြောင်းအရာမှာ “ချစ်ကြည်ရေးလမ်းကြောင်း – ယခင်ကိုဆက်ခံ၍ အနာဂတ်ဆီသို့ ချီတက်ခြင်း” ဖြစ်သည်။ ပူးတွဲတွေ့ဆုံမေးမြန်းမှုအဖွဲ့သည် ဇူလိုင် ၇ ရက်မှ ဇူလိုင် ၁၄ ရက်အထိ ရုရှား “Golden Ring” လမ်းကြောင်းတစ်လျှောက် သမိုင်းယဉ်ကျေးမှုမြို့ဟောင်းများစွာသို့ သွားရောက်လေ့လာမည်ဖြစ်သည်။ တရုတ်နိုင်ငံပြည်တွင်းအပိုင်း တွေ့ဆုံမေးမြန်းမှု အစီအစဉ်ကိုလည်း ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
—————–
(Chinese Version)
新华社和塔斯社跨境联合采访活动启动仪式在莫斯科举行
新华社莫斯科7月6日电(记者许炜凯)纪念新华社和塔斯社合作70周年中俄跨境联合采访活动启动仪式6日在莫斯科塔斯社总部大楼前广场举行。俄罗斯副总理切尔内申科、塔斯社社长孔德拉绍夫、中国驻俄罗斯大使张汉晖和俄罗斯外交部发言人扎哈罗娃出席仪式。
切尔内申科表示,塔斯社和新华社的合作始终在俄中两国领导层的推动下走深走实。本次联合采访活动的俄罗斯段将以俄罗斯“金环”文旅线路为主线开展实地探访,由双方共计25名记者组成采访团,走访多处被誉为俄“历史教科书”的文化名城。此次活动既能深化两社务实交流、拓宽双方合作渠道,也能助推俄中两国文旅往来与旅游产业协同发展。
孔德拉绍夫表示,本次联合采访活动彰显俄中媒体深厚合作根基。除开展新闻业务交流外,俄罗斯段行程安排也致力于拉近两国民众距离。他期待两社能以此次活动为纽带,推动双方从业务协作走向更深层次的人文交融,为俄中双边关系增添新动能。
张汉晖表示,在两国元首的战略擘画与引领下,中俄双边关系正处于历史最高水平。媒体对推动中俄关系发展发挥着至关重要的作用。70年来,新华社与塔斯社深度参与中俄关系发展进程,全程记录两国关系各阶段发展历程,搭建起坚实的信息沟通桥梁,持续加深两国人民相互理解。在两社建立合作关系70周年这一重要历史节点,双方开展联合采访活动意义深远。本次联合采访构思新颖、内容详实,将向两国民众全方位、多角度展现双边合作的生动图景,成为两社深化务实合作的新起点。
扎哈罗娃表示,两社目前有必要“梳理双方过往合作”,策划富有特色的全新合作项目。实地走访、亲身感受与现场交流有助于印证认知、增进相互理解。新华社记者将走访“金环”沿线城市,而这条线路也将成为俄中“友谊之路”。
本次联合采访活动分俄罗斯、中国两段开展。俄罗斯段主题为“友谊之路:传承过往,奔赴未来”,联合采访团将于7日至14日沿俄“金环”线路走访多座历史文化古城。中国境内采访活动将于后续展开。(完)
图说:5月18日,中国新华通讯社同俄罗斯塔斯社在北京新华园举行友谊树栽种仪式,共同纪念双方建立合作关系70周年。这是新华社社长傅华和塔斯社社长孔德拉绍夫出席友谊树栽种仪式。 新华社记者 丁海涛 摄

မူရင်းသတင်း — Xinhua Myanmar