Xinhua Myanmar

ဖိလစ်ပိုင်အထက်လွှတ်တော်က ဒုတိယသမ္မတ ဆာရာ ဒူတာတေးအပေါ် စွဲချက်တင် ရုံးတင်စီရင်မှု စတင်၊ ဆာရာ တက်ရောက်ခြင်း မရှိ

မနီလာ၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင် ဒုတိယသမ္မတ ဆာရာ ဒူတာတေးအပေါ် စွဲချက်တင် ရုံးတင်စီရင်မှု စတင်ခဲ့ပြီး ကြားနာမှုများ ပြုလုပ်ခဲ့ကြောင်း ဖိလစ်ပိုင်အထက်လွှတ်တော်က ဇူလိုင် ၆ ရက်တွင် ကြေညာခဲ့သည်။ ယင်းမှာ ဖိလစ်ပိုင်နိုင်ငံ သမိုင်းတွင် တာဝန်ထမ်းဆောင်ဆဲ ဒုတိယသမ္မတအပေါ် စွပ်စွဲချက်များဖြင့် ရုံးတင်စီရင်မှု ပထမအကြိမ် ပြုလုပ်ခြင်းဖြစ်သည်။ ထိုနေ့ ကြားနာမှုကို ဆာရာ မတက်ရောက်ခဲ့ပေ။
ကြားနာမှုကို ဖိလစ်ပိုင်နိုင်ငံ မဟာ မနီလာဧရိယာရှိ အထက်လွှတ်တော် အဆောက်အအုံအတွင်း ကျင်းပခဲ့သည်။ အဆောက်အအုံအနီးဝန်ကျင်းရှိ လမ်းမအချို့ကို ပိတ်ထားခဲ့ပြီး ကြီးကြပ်ထိန်းသိမ်းရန် ရဲတပ်ဖွဲ့ဝင် ၆,၀၀၀ ခန့်ကို ဖြန့်ကြက်ထားခဲ့ကြောင်း ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ဒေသခံမီဒီယာ၏ သတင်းဖော်ပြချက်အရ ဖိလစ်ပိုင်အထက်လွှတ်တော်မှ လွှတ်တော်အမတ် ၂၄ ဦးအနက် ၂၁ ဦးသည် ကြားနာမှုကို တက်ရောက်ခဲ့ကြောင်း၊ တရားလိုဘက်မှအဖွဲ့ဝင်များ၊ ဆာရာ၏ ရှေ့နေအဖွဲ့ စသည့် ခုခံချေပပေးမည့်သူများလည်း တက်ရောက်ခဲ့ပြီး သက်ဆိုင်ရာ ထွက်ဆိုချက်များ တင်ပြခဲ့ကြောင်း သိရသည်။
ဖိလစ်ပိုင်အောက်လွှတ်တော်သည် မေ ၁၁ ရက်တွင် ဆာရာအပေါ် စွပ်ချက်တင်မှုကို အတည်ပြုခဲ့သည်။ ဆာရာအား အဂတိလိုက်စားမှု၊ လုပ်ကြံရန် ကြံစည်မှု၊ ပုန်ကန်ရန် လှုံ့ဆော်မှုနှင့် အခွင့်အာဏာအလွဲသုံးစားလုပ်မှု စသည့် ပြစ်မှုသံသယဖြင့် စွဲချက်တင်ခဲ့သည်။ ဖိလစ်ပိုင် အထက်လွှတ်တော်က မေ ၁၈ ရက်တွင် စွဲချက်စီရင်ရေးတရားရုံးဖွဲ့စည်းခဲ့သည်။
ဆာရာသည် သမ္မတဟောင်း ဒူတာတေး၏ သမီးကြီးဖြစ်ပြီး ယခုနှစ် ဖေဖော်ဝါရီတွင် ၂၀၂၈ ခုနှစ် ဖိလစ်ပိုင်သမ္မတ ရွေးကောက်ပွဲ၌ ပါဝင်မည်ဟု ကြေညာခဲ့သည်။ ဖိလစ်ပိုင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အထက်လွှတ်တော်၌ စွဲချက်တင် ရုံးတင်စီရင်မှုအတွင်း အထက်လွှတ်တော်အမတ် သုံံးပုံနှစ်ပုံနှင့် အထက်က စွဲချက်တင်ရန် ထောက်ခံပါက ဆာရာကို အပြစ်ရှိကြောင်း ဆုံးဖြတ်ကာ ရာထူးမှ ဖယ်ရှားမည်ဖြစ်ပြီး အစိုးရဝန်ထမ်းအဖြစ် ရာသက်ပန် ထမ်းဆောင်ခွင့်ရှိမည်မဟုတ်ကြောင်း သိရသည်။ (Xinhua)

ဖိလစ်ပိုင်နိုင်ငံ ပါစေး (Pasay) မြို့ရှိ ဖိလစ်ပိုင် အထက်လွှတ်တော်အဆောက်အအုံပြင်ပတွင် ဆန္ဒပြပြည်သူများ စုဝေးနေကြပြီး ရဲတပ်ဖွဲ့ဝင်များက ထိုနေရာ ကြီးကြပ်ထိန်းသိမ်းနေသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………….
(Chinese Version)
菲参议院启动对副总统莎拉的弹劾审判 莎拉未出席
新华社马尼拉7月6日电(记者赵晨捷 李萌)菲律宾参议院6日宣布启动对副总统莎拉·杜特尔特的弹劾审判并举行听证会,这是菲律宾历史上首次对现任副总统进行弹劾审判。莎拉未出席当天的听证会。
听证会在位于菲律宾大马尼拉地区的参议院大楼内举行。大楼周边部分道路被封闭,菲警方称部署约6000名警察维持秩序。
据当地媒体报道,菲律宾参议院24名参议员中,有21人出席听证会。控方人员、莎拉的律师团队等辩方人员也出席听证会,并作相关陈述。
菲众议院已于5月11日通过对莎拉的弹劾案。莎拉被指控涉嫌腐败、策划暗杀、煽动叛乱、滥用职权等。菲参议院于5月18日组成弹劾法庭。
莎拉是前总统杜特尔特的长女,今年2月宣布参加2028年菲律宾总统选举。根据菲律宾宪法,在参议院弹劾审判中,如果三分之二及以上参议员支持弹劾,莎拉将被定罪免职,并终身不得担任公职。(完)
图说1:这是7月6日在菲律宾帕赛市拍摄的庭审现场。新华社发(乌马利摄)
图说2:7月6日,在菲律宾帕赛市,游行示威的民众聚集在菲律宾参议院外,警察在现场维持秩序。新华社记者 郭依格 摄

မူရင်းသတင်း — Xinhua Myanmar