Xinhua Myanmar

အီရန်အပေါ် အသစ်တစ်ကြိမ်တိုက်ခိုက်မှု လုပ်ဆောင်ပြီးကြောင်း အမေရိကန်စစ်တပ် ဆို

ဝါရှင်တန်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)
အမေရိကန်ဗဟိုကွပ်ကဲရေးဌာနချုပ် (CENTCOM) က အီရန်အပေါ် အသစ်တစ်ကြိမ်တိုက်ခိုက်မှု လုပ်ဆောင်ပြီးဖြစ်ရာ အီရန်၏ လေကြောင်းရန်ကာကွယ်ရေးစနစ်၊ ကွပ်ကဲထိန်းချုပ်မှုကွန်ရက်၊ ကမ်းရိုးတန်းရေဒါစခန်း၊ သင်္ဘောဖျက်ဒုံးကျည်စွမ်းရည်၊ အီရန်အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ အသေးစား အမြန်ရေယာဉ် အစင်း ၆၀ ကျော် အပါအဝင် ပစ်မှတ်ပေါင်း ၈၀ ကျော်ကို ထိမှန်အောင် ပစ်ခတ်ခဲ့ကြောင်း ဇူလိုင် ၇ ရက်တွင် ပြောကြားခဲ့သည်။
အထက်ပါတိုက်ခိုက်မှုသည် အီရန်က လတ်တလောကာလအတွင်း ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားသည့် စီးပွားရေးကုန်တင်သင်္ဘောများအား တိုက်ခိုက်မှုအပေါ် တုံ့ပြန်ခြင်းဖြစ်ပြီး အီရန်က ထိုနိုင်ငံတကာကုန်သွယ်ရေးလမ်းကြောင်းတွင် ဖြတ်သန်းသွားသည့် စီးပွားရေးကုန်တင်သင်္ဘောများအား ဆက်လက်တိုက်ခိုက်မှုစွမ်းရည်ကို လျှော့ချရန်ဖြစ်ကြောင်း၊ အမေရိကန်စစ်တပ် CENTCOM ဌာနချုပ်သည် အဆိုပါဖြန့်ကြက်နေရာချထားမှု အလားအလာကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း အမေရိကန်စစ်တပ်က ဆိုသည်။
ဒေသစံတော်ချိန် ဇူလိုင် ၇ ရက် အစောပိုင်းက အမေရိကန် CENTCOM က လူမှုမီဒီယာတွင် သတင်းထုတ်ပြန်၍ အမေရိကန်စစ်တပ်သည် အီရန်အပေါ် “အားကောင်းသော” တိုက်ခိုက်မှုများစွာ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ အီရန်နိုင်ငံ တောင်ပိုင်း ဘန်ဒါ အက်ဘက်စ်မြို့၊ Sirik ၊ Qeshm ကျွန်း စသည့်ဒေသများတွင် ဇူလိုင် ၈ ရက် နံနက်ပိုင်းက ပေါက်ကွဲသံများ ပေါ်ထွက်လာခဲ့သည်ဟု အီရန်မီဒီယာများ သတင်းဖော်ပြချက်အရ သိရသည်။
အမေရိကန်၏ တိုက်ခိုက်မှုသည် အီရန်-အမေရိကန် အစ္စလာမ်မာဘတ် နားလည်မှုစာချွန်လွှာအား ဆိုးရွားစွာချိုးဖောက်နေကြောင်း အီရန်နိုင်ငံအစိုးရက ဇူလိုင် ၈ ရက်တွင် ပြောကြားခဲ့သည်။ အီရန် လက်နက်ကိုင်အဖွဲ့ Khatam al-Anbiya ဗဟိုဌာနချုပ်က ကြေညာချက်ထုတ်ပြန်၍ အမေရိကန်၏ တိုက်ခိုက်မှုအပေါ် ခိုင်မာသောတုံ့ပြန်မှုများ ဆောင်ရွက်သွားမည်ဟု ဆိုခဲ့ပြီး မည်သည့်အခြေအနေတွင်မဆို အမေရိကန်က ဟော်မုဇ်ရေလက်ကြား စီမံခန့်ခွဲမှုအပေါ် ဝင်ရောက်စွက်ဖက်ခြင်းအား ခွင့်ပြုမည်မဟုတ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)
—————–
(Chinese Version)
美军称完成对伊朗新一轮打击
新华社华盛顿7月7日电 美军中央司令部7日称,已完成对伊朗新一轮打击,击中超过80个目标,包括伊朗的防空系统、指挥控制网络、海岸雷达站点、反舰导弹能力,以及超过60艘伊朗伊斯兰革命卫队小型快艇。
美军称,上述打击是对伊朗近期袭击通过霍尔木兹海峡商船的回应,是为了削弱伊朗继续攻击通行该国际贸易通道商船的能力。美军中央司令部部队将继续保持部署态势。
当地时间7日早些时候,美军中央司令部在社交媒体发布消息说,美军已开始对伊朗发起“一系列有力”的打击。据伊朗媒体报道,伊朗南部阿巴斯港、锡里克、格什姆岛等地8日凌晨传出爆炸声。
伊朗政府8日表示,美国袭击严重违反伊美伊斯兰堡谅解备忘录。伊朗武装部队哈塔姆安比亚中央总部发表声明说,将对美方袭击作出坚决回应,并重申任何情况下都不允许美方干涉霍尔木兹海峡管理。(完)
图说:这是6月14日拍摄的美国首都华盛顿白宫。新华社记者 李睿 摄

 

မူရင်းသတင်း — Xinhua Myanmar