Xinhua Myanmar

အမေရိကန်အနေဖြင့် သဘောတူညီချက်ကို ချိုးဖောက်သည့် လုပ်ဆောင်ချက် ၅ ရပ် ရှိသည်ဟု အီရန်လွှတ်တော်ဥက္ကဋ္ဌ ပြစ်တင်ပြောကြား

တီဟီရန်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)

အီရန် အစ္စလာမ်မစ်လွှတ်တော် ဥက္ကဋ္ဌ Mohammad Bagher Ghalibaf က ဇွန် ၈ ရက်တွင် လူမှုကွန်ရက်စာမျက်နှာ၌ ပို့စ်တင်ပြီး အမေရိကန်က အီရန်-အမေရိကန် နားလည်မှုစာချွန်လွှာအား ဆိုးရွားစွာ ချိုးဖောက်ခြင်းအပေါ် ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့သည်။
Ghalibaf က အမေရိကန်အနေဖြင့် အီရန်-အမေရိကန် နားလည်မှုစာချွန်လွှာကို ချိုးဖောက်သည့် လုပ်ဆောင်ချက် ၅ ရပ် ရှိကြောင်း၊ ၎င်းတို့မှာ ဟော်မုဇ်ရေလက်ကြားတွင် အီရန်၏ ညှိနှိုင်းစီစဉ်မှုများကို ဖျက်ဆီးခြင်း၊ အီရန်အပေါ် ထပ်ဆင့်တိုက်ခိုက်မှုများ ပြုမည်ဟု အဆက်မပြတ်ခြိမ်းခြောက်ခြင်း၊ ရေနံပိတ်ဆို့အရေးယူမှုများ ပြန်လည်လုပ်ဆောင်ခြင်း၊ အီရန်နိုင်ငံ တောင်ပိုင်းကို တိုက်ခိုက်ခြင်း၊ လက်ဘနွန်ကို အစ္စရေးက ဆက်လက်ကျူးကျော်နေခြင်း စသည်တို့ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ဗိုလ်ကျအနိုင်ကျင့်ခြင်းနဲ့ အကျပ်ကိုင်ခြင်း ခေတ်ကာလ ကုန်ဆုံးသွားပြီ။ ယင်းလမ်းမှာ ခရီးပေါက်မည်မဟုတ်၊ မိမိတို့အနေဖြင့် အရှုံးပေးမည်မဟုတ်” ဟု Ghalibaf က ရေးသားထားသည်။
ထိုမတိုင်မီ အစောပိုင်းတွင် အီရန်နိုင်ငံ တောင်ပိုင်းကို အမေရိကန်စစ်တပ်က တိုက်ခိုက်ခဲ့သည်။ (Xinhua)

——————-
(Chinese Version)
伊朗议长斥美五项“违约”行为
新华社德黑兰7月8日电 伊朗伊斯兰议会议长卡利巴夫8日在社交媒体上发文,强烈谴责美国“严重违反”伊美谅解备忘录。
卡利巴夫说,美国违反伊美谅解备忘录的行为共有五项,分别是:破坏伊朗在霍尔木兹海峡的调整安排;持续威胁对伊朗发动进一步打击;恢复石油制裁;对伊朗南部发动袭击;以色列持续侵略黎巴嫩。
卡利巴夫写道:“霸凌与敲诈的时代已经结束。这条路走不通。我们不会屈服。”
稍早前,美军对伊朗南部发动袭击。(完)
1. 6月21日,在瑞士比尔根山,安保人员走在谈判会场附近。新华社记者 连漪 摄

 

မူရင်းသတင်း — Xinhua Myanmar