
ကင်ရှာဆာ၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)
ကွန်ဂိုနိုင်ငံ (DRC) ကျန်းမာရေးဝန်ကြီး Roger Kamba က ဇူလိုင် ၇ ရက်တွင် မြို့တော်ကင်ရှာဆာ၌ ကွန်ဂိုနိုင်ငံ (DRC) ဆိုင်ရာ တရုတ်သံအမတ်ကြီး ကျောက်ပင်းနှင့် တရုတ်နိုင်ငံ၏ ဒုတိယအသုတ် အီဘိုလာရောဂါတိုက်ဖျက်ရေး ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့သည်။
Roger Kamba က တရုတ်နိုင်ငံအစိုးရအနေဖြင့် ကွန်ဂိုနိုင်ငံ (DRC) က အီဘိုလာရောဂါဖြစ်ပွားမှုအား ကိုင်တွယ်စီမံသည့် အရေးကြီးအဆင့်တွင် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့စေလွှတ်မှုကို ကျေးဇူးတင်ရှိကြောင်း၊ ကွန်ဂိုနိုင်ငံ (DRC) က အများပြည်သူ့ကျန်းမာရေး စိန်ခေါ်မှုကို ရင်ဆိုင်ရာတွင် တရုတ်နိုင်ငံအနေဖြင့် အမြဲတစေ ခိုင်မာစွာ ထောက်ခံအားပေးခဲ့ရာ နှစ်ဖက်သည် အစဉ်အမြဲ “တစ်လှေတည်းစီး တစ်ခရီးတည်းသွား” နေကြောင်း ပြောကြားခဲ့သည်။
လက်ရှိတွင် ကွန်ဂိုနိုင်ငံ (DRC) ၏ အီဘိုလာရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်ရေးတာဝန်သည် ခက်ခဲကြီးမားနေဆဲဖြစ်ကြောင်း၊ တရုတ်နိုင်ငံက ကွန်ဂိုနိုင်ငံ (DRC) အပေါ် ကတိကဝတ်များ အလေးထားစောင့်ထိန်း၍ အပြောနှင့်အလုပ်ထပ်တူညီကာ လက်တွေ့လှုပ်ရှားမှုဖြင့် ကွန်ဂိုနိုင်ငံ (DRC) က ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်ခြင်းနှင့် အများပြည်သူကျန်းမာရေး အရေးပေါ်တုံ့ပြန်မှုစွမ်းရည် မြှင့်တင့်ခြင်းအတွက် ထောက်ခံအားပေးကြောင်း၊ ကွန်ဂိုနိုင်ငံ (DRC) အနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ရောဂါဖြစ်ပွားမှု စောင့်ကြည့်တိုင်းတာခြင်း၊ သိပ္ပံသုတေသန ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်း၊ ဆေးကုသကယ်ဆယ်မှု၊ လူပုဂ္ဂိုလ်လေ့ကျင့်မှု စသည့်ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်တိုး မြှင့်တင်သွားလိုကြောင်း Roger Kamba က ပြောကြားခဲ့သည်။
ကျောက်ပင်းက တရုတ်-ကွန်ဂိုသည် အစဉ်အလာချစ်ကြည်ရေးနက်ရှိုင်းပြီး ကျန်းမာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည် ရာစုနှစ်တစ်ဝက်ကျော်ကြာရှည်ကြောင်း၊ အီဘိုလာရောဂါဖြစ်ပွားမှုသည် ကွန်ဂိုနိုင်ငံ (DRC) ၏ အများပြည်သူကျန်းမာရေး လုံခြုံမှုနှင့် စပ်လျဉ်းနေသည်သာမက ဒေသတွင်းမှသည် တစ်ကမ္ဘာလုံး အများပြည်သူကျန်းမာရေး လုံခြုံမှုအပေါ်လည်း စိန်ခေါ်မှုဖြစ်စေကြောင်း၊ တရုတ်နိုင်ငံသည် လူသားမျိုးနွယ် ကျန်းမာရေးအသိုက်အဝန်းအား တည်ဆောက်ရန် အစဉ်အမြဲ အဆိုပြုလျက်ရှိကြောင်း၊ ရောဂါဖြစ်ပွားမှုအခြေအနေဖြစ်ပေါ်တိုးတက်မှုနှင့် ကွန်ဂိုနိုင်ငံ (DRC) ၏ လက်တွေ့လိုအပ်ချက်နှင့်အညီ ကွန်ဂိုနိုင်ငံ (DRC) က ရောဂါတိုက်ဖျက်ရေးအတွက် ဆက်လက်၍ တတ်စွမ်းသမျှပံ့ပိုးကူညီပေးလိုကြောင်း ပြောကြားခဲ့သည်။
ဒုတိယအသုတ် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့ ခေါင်းဆောင် ကုကျစ်ချန်က ကျွမ်းကျင်ပညာရှင်အဖွဲ့ဝင်များသည် ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်ရေးအတွက် လက်တွေ့အတွေ့အကြုံများစွာရှိကြောင်း၊ ကျွမ်းကျင်ပညာရှင်အဖွဲ့သည် ကွန်ဂိုနိုင်ငံ (DRC) ၏ ညွှန်ကြားမှုနှင့် ရှိရင်းစွဲကာကွယ်ထိန်းချုပ်ရေးစနစ်အောက်တွင် တစ်ပြေးညီ လုပ်ငန်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ ရောဂါဖြစ်ပွားမှုအခြေအနေ လေ့လာဆုံးဖြတ်ခြင်း၊ ဓာတ်ခွဲခန်းတွင်စမ်းသပ်ခြင်း၊ လူနာများကုသခြင်း၊ ကူးစက်မှု ကာကွယ်ထိန်းချုပ်ခြင်း၊ နယ်စပ်ဂိတ် ကျန်းမာရေးစစ်ဆေးမှုဝန်ထမ်းများ လေ့ကျင့်ခြင်း စသည့် ကဏ္ဍများတွင် ကွန်ဂိုနိုင်ငံ (DRC) နှင့် ပူးပေါင်းဖလှယ်မှု မြှင့်တင်ပြီး ကွန်ဂိုနိုင်ငံ (DRC) က အီဘိုလာရောဂါ ဖြစ်ပွားမှုကို ဆောလျင်စွာ တိုက်ဖျက်နိုင်ရေးအတွက် တတ်စွမ်းသမျှ ပံ့ပိုးပေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ ဒုတိယအသုတ် အီဘိုလာရောဂါတိုက်ဖျက်ရေး ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့သည် ဇူလိုင် ၃ ရက်တွင် ကင်ရှာဆာမြို့သို့ ရောက်ရှိခဲ့ပြီး ပထမအသုတ် ကျွမ်းကျင်ပညာရှင်အဖွဲ့၏ လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ကာ အီဘိုလာရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို လက်ဆင့်ကမ်း၍ဆောင်ရွက်ခဲ့သည်။ (Xinhua)

ကွန်ဂိုနိုင်ငံ (DRC) Ituri ပြည်နယ် Bunia မြို့ရှိ အီဘိုလာရောဂါ ကုသရေးစင်တာတစ်ခုတွင် ကျန်းမာရေးဝန်ထမ်းများက ပိုးသတ်မှုလုပ်ငန်း ဆောင်ရွက်နေသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
—————–
(Chinese Version)
刚果(金)卫生部长感谢中国派遣抗疫医疗专家组
新华社金沙萨7月7日电(记者史彧)刚果(金)卫生部长坎巴7日在首都金沙萨会见了中国驻刚果(金)大使赵斌和中国第二批埃博拉抗疫医疗专家组。坎巴表示,感谢中国政府在刚果(金)应对埃博拉疫情关键阶段派遣抗疫医疗专家组。在刚方应对公共卫生挑战时,中方始终坚定支持,双方从来都是“同舟共济”。
坎巴说,当前,刚果(金)埃博拉疫情防控任务仍然艰巨。中方对刚果(金)重信守诺、言出必行,以实际行动支持刚方提升疫情防控和公共卫生应急能力。刚方愿同中方进一步加强疫情监测、科研协作、临床救治、人员培训等领域合作。
赵斌表示,中刚传统友谊深厚,卫生健康合作跨越半个多世纪。埃博拉疫情不仅关乎刚果(金)公共卫生安全,也对地区乃至全球公共卫生安全构成挑战。中方始终倡导构建人类卫生健康共同体,愿根据疫情发展和刚方实际需求,继续为刚方抗击疫情提供力所能及的支持。
第二批专家组领队顾志强说,专家组成员均具有较丰富的疫情防控实战经验。专家组将在刚方统一指挥和现有防控体系下开展工作,围绕疫情研判、实验室检测、病例救治、感染防控、口岸卫生检疫人员培训等方面同刚方加强交流合作,为刚方早日战胜埃博拉疫情提供力所能及的支持。
中国第二批埃博拉抗疫医疗专家组3日抵达金沙萨,接续首批专家组工作,接力开展埃博拉疫情防控国际合作。(完)
图说1:7月3日,刚果(金)卫生部代表卢库·马留斯(中)在刚果(金)首都金沙萨机场欢迎中国第二批埃博拉抗疫医疗专家组到来。新华社发
图说2:7月6日,在刚果(金)伊图里省首府布尼亚的一所埃博拉治疗中心,医护人员进行消杀工作。新华社发