
ဘန်ကောက်၊ ဇူလိုင်၁၄ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ချက်တူးချက်ခရိုင်ရုံးက ဇူလိုင် ၁၄ ရက် နံနက်ပိုင်းအထိ အဆိုပါခရိုင်ရှိ ဘားဆိုင်မီးလောင်မှုကြောင့် သေဆုံးသူ ၃၀ ဦး၊ ဒဏ်ရာရရှိသူ ၇၅ ဦးရှိလာကြောင်း၊ ၎င်းအနက် ၂၄ ဦးသည် ဒဏ်ရာပြင်းထန်ကြောင်း လူမှုမီဒီယာ၌ ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံရုံးကလည်း ထိုနေ့တွင်ပင် ထိခိုက်သေဆုံးသည့် တရုတ်နိုင်ငံသားမရှိကြောင်း အတည်ပြုခဲ့သည်။
ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အနူတင်က ဇူလိုင် ၁၃ ရက်တွင် ဘန်ကောက်မြို့ အမှတ် (၂) မြို့တော်ခန်းမ၌ မီဒီယာတွေ့ဆုံမေးမြန်းမှုကို ဖြေကြားရာ၌ အစိုးရအနေဖြင့် ထိခိုက်ဒဏ်ရာရရှိသူအားလုံးကို အစွမ်းကုန် ကယ်ဆယ်ကူညီသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဘန်ကောက်မြို့ ချက်တူးချက်ခရိုင် Lat Phrao လမ်း အနီးတစ်ဝိုက်ရှိ ဘားဆိုင်တစ်ဆိုင်တွင် ဇူလိုင် ၁၂ ရက် ညဥ့်နက်ချိန်၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ အချင်းဖြစ်ပွားရာနေရာမှာပင် စစ်ဆေးချက်အရ ဘားဆိုင်၏ မျက်နှာကြက်အားလုံး မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးသွားကြောင်း သိရသည်။ (Xinhua)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဘားဆိုင် မီးလောင်မှုဖြစ်ပွားရာနေရာသို့ လာရောက်စစ်ဆေးကြည့်ရှုနေသော ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အနူတင် (အရှေ့အလယ်) အား ၂၀၂၆ ခုနှစ် ဇူလိုင် ၁၃ ရက် နံနက်ပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)

——————
(Chinese Version)
泰国酒吧火灾死亡人数上升 暂无中国公民伤亡
新华社曼谷7月14日电(记者林淑婷 常天童)泰国曼谷乍都乍区办公室14日在社交媒体上说,截至14日上午,该区酒吧火灾已造成30人死亡、75人受伤,其中24人重伤。中国驻泰国大使馆当天确认,暂无中国公民伤亡报告。
泰国总理阿努廷13日在曼谷第二市政厅接受媒体采访时说,政府将全力救助受伤人员。
曼谷乍都乍区拉抛路附近一家酒吧12日深夜发生火灾,现场勘查显示酒吧天花板全部烧毁。(完)
图说1:7月13日凌晨,在泰国曼谷,救援人员在火灾现场工作。新华社发(拉亨摄)
图说2:7月13日凌晨,在泰国曼谷,泰国总理阿努廷(前中)在火灾现场查看情况。新华社发(拉亨摄)