Xinhua Myanmar

အမေရိကန် စစ်တပ် ပိတ်ဆို့မှု စတင်၊ အမေရိကန်-အီရန် စစ်မီး ပြန်လည်တောက်လောင်

ပေကျင်း၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)
အမေရိကန်စစ်တပ်က အီရန်အပေါ် ပင်လယ်ပြင်ပိတ်ဆို့မှုများ ပြန်လည်ဆောင်ရွက်လိုက်သည်ဟု ဇူလိုင် ၁၄ ရက်တွင် ကြေညာခဲ့ပြီး အီရန်အပေါ် အသစ်တစ်ကြိမ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ အီရန်အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ် (IRGC) က အမေရိကန်စစ်တပ်၏ ပစ်မှတ်များစွာကို တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ပိတ်ဆို့မှုများ ပြန်လည်လုပ်ဆောင်

အမေရိကန်စစ်တပ်သည် အမေရိကန် အရှေ့ပိုင်းစံတော်ချိန် ဇူလိုင် ၁၄ ရက် ညနေ ၄ နာရီ (ပေကျင်းစံတော်ချိန် ဇူလိုင် ၁၅ ရက် နံနက် ၄ နာရီ) တွင် အီရန်၏ ဆိပ်ကမ်းနှင့် ကမ်းရိုးတန်းဒေသသို့ သွားလာနေသော သင်္ဘောများကို ပစ်မှတ်ထား၍ ပင်လယ်ပြင် ပိတ်ဆို့မှုများ ပြန်လည်ဆောင်ရွက်လိုက်ကြောင်း အမေရိကန် ဗဟိုကွပ်ကဲရေးဌာနချုပ် (CENTCOM) က ယင်းနေ့တွင် လူမှုကွန်ရက်စာမျက်နှာ၌ သတင်းထုတ်ပြန်ခဲ့သည်။

အမေရိကန်ရေတပ် ရေယာဉ် အစင်း ၂၀ ကျော်နှင့် စစ်ဘက်သုံးလေယာဉ် ရာနှင့်ချီက အရှေ့အလယ်ပိုင်းဒေသတွင် မစ်ရှင်များကို ထမ်းဆောင်နေကြောင်း၊ အခြေအနေအမျိုးမျိုးကို ရင်ဆိုင်ကိုင်တွယ်ရန် အမေရိကန်စစ်တပ်က အချိန်မရွေးအသင့်ပြင်ထားကြောင်း သတင်းတွင် ဖော်ပြထားသည်။

ယင်းနေ့အစောပိုင်းတွင် အမေရိကန် ဗဟိုကွပ်ကဲရေးဌာနချုပ် (CENTCOM) က ဟော်မုဇ်ရေလက်ကြား၌ စီးပွားရေးသင်္ဘောများအပေါ် အီရန်၏ တိုက်ခိုက်နိုင်စွမ်းကို ဆက်လက် လျှော့ချနိုင်ရန်အတွက် အမေရိကန်စစ်တပ်က အမေရိကန် အရှေ့ပိုင်းစံတော်ချိန် ဇူလိုင် ၁၄ ရက် ညနေ ၃ နာရီတွင် အီရန်အပေါ် အသစ်တစ်ကြိမ် တိုက်ခိုက်မှုများ စတင်လိုက်ကြောင်း ကြေညာခဲ့သည်။

အမေရိကန် စစ်တပ်က အီရန်အပေါ် ပင်လယ်ပြင်ပိတ်ဆို့မှုများကို ဧပြီ ၁၃ ရက်မှ ဇွန် ၁၈ ရက်အထိ ဆောင်ရွက်ခဲ့သည်။

အီရန်နိုင်ငံ ဒုတိယ သမ္မတ (၁) Mohammad Reza Aref က “ကတိကဝတ်တွေကို အမေရိကန် ချိုးဖောက်မယ်ဆိုတာ ကျုပ်တို့ ခန့်မှန်းထားပြီးသားပါ။ မကြာသေးမီကမှ လက်မှတ်ရေးထိုးထားတဲ့ စာရွက်စာတမ်းကို အမေရိကန်က ဆုတ်ဖြဲလိုက်တာဟာ သူတို့ရဲ့ စကားက ယုံကြည်ဖွယ်မရှိဘူး ဆိုတာကို ဖော်ပြနေတာပဲ” ဟု ပြောကြားခဲ့ကြောင်း အီရန် Mehr သတင်းအေဂျင်စီ၏ ဇူလိုင် ၁၄ ရက် သတင်းများအရ သိရသည်။

စစ်မီး ပြန်လည်တောက်လောင်
အမေရိကန်စစ်တပ်၏ လက်နက်သိုလှောင်ရုံ၊ စစ်ရေယာဉ်နှင့် MQ-9 ဒရုန်းဖြန့်ကြက်ထားသည့် ပလက်ဖောင်းများ စသည့် ပစ်မှတ်များစွာကို တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု အီရန် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က ကြေညာချက် ထုတ်ပြန်ပြောကြားခဲ့ကြောင်း အီရန် Mehr သတင်းအေဂျင်စီ၏ ဇူလိုင် ၁၄ ရက် သတင်းများအရ သိရသည်။

အီရန် Mehr သတင်းအေဂျင်စီက ဇူလိုင် ၁၅ ရက် နံနက်ပိုင်းတွင် အီရန်နိုင်ငံ ဟော်မုဇ်ဂန်ပြည်နယ်အစိုးရ၏ သတင်းများကို ကိုးကား၍ သတင်းဖော်ပြထားရာ ဟော်မုဇ်ရေလက်ကြား၌ အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ယင်းပြည်နယ် ပင်လယ်ကမ်းရိုးတန်းခရိုင်များ၊ Bandar Abbas ဆိပ်ကမ်းနှင့် ပါရှန်းပင်လယ်ကွေ့ရှိ ကျွန်းများတွင် ပေါက်ကွဲသံများ ထွက်ပေါ်လာကြောင်း သိရသည်။

အီရန်လက်နက်ကိုင်တပ်ဖွဲ့က ဂျော်ဒန်ရှိ အမေရိကန်စစ်အခြေစိုက်စခန်းကို ဒရုန်းဖြင့် လက်တုံ့ပြန်တိုက်ခိုက်ခဲ့ကြောင်း အီရန်နိုင်ငံပိုင်ရုပ်မြင်သံကြား၏ ဇူလိုင် ၁၅ ရက် နံနက်ပိုင်းသတင်းများအရ သိရသည်။

အီရန်မီဒီယာအများအပြား၏ သတင်းများအရ ဒေသစံတော်ချိန် ဇူလိုင် ၁၄ ရက် ညဉ့်နက်ပိုင်းတွင် အီရန်နိုင်ငံ တောင်ပိုင်းရှိ Qeshm ကျွန်း၊ Bandar Abbas ဆိပ်ကမ်း၊ Hengam ကျွန်းနှင့် အရှေ့တောင်ပိုင်းရှိ Bampur မြို့နှင့် အနောက်ပိုင်းရှိ Ahvaz မြို့ စသည့် နေရာများတွင် ပေါက်ကွဲသံများ ကြားခဲ့ရကြောင်း သိရသည်။

အီရန် Bushehr နျူကလီးယားဓာတ်အားပေးစက်ရုံ အနီးဝန်းကျင်ရှိ လေကြောင်းရန်ကာကွယ်ရေးစနစ်များကို စတင်အသက်သွင်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

မဆွေးနွေးလျှင် ဆက်လက်တိုက်ခိုက်မည်ဟု ထရမ့် ခြိမ်းခြောက်

အမေရိကန် သမ္မတ ထရမ့်က ဇူလိုင် ၁၄ ရက်တွင် အမေရိကန် Fox News ရုပ်သံလိုင်းနှင့် သီးသန့်တွေ့ဆုံမေးမြန်းမှုပြုလုပ်ရာတွင် အီရန်နိုင်ငံအနေဖြင့် ညှိနှိုင်းမှုစားပွဲဝိုင်းသို့ ပြန်လည်လာရောက်ခြင်း မရှိပါက လာမည့်သီတင်းပတ်တွင် အမေရိကန်စစ်တပ်က အီရန်၏ တံတားများနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို တိုက်ခိုက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ကျုပ်တို့ မနက်ဖြန် ဒါမှမဟုတ် သန်ဘက်ခါ ညပိုင်း သူတို့ကို အပြင်းအထန်တိုက်ခိုက်တော့မှာပါ။ လာမယ့်သီတင်းပတ်ရောက်ရင် အခြေအနေက သူတို့အတွက် တော်တော်ကို ဆိုးဆိုးရွားရွားဖြစ်သွားလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ လာမယ့်သီတင်းပတ်ရဲ့ ပစ်မှတ်တွေက လမ်းတံတားတွေနဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ ဖြစ်မှာမို့လို့ပဲ။ သူတို့ ထိုင်ပြီးဆွေးနွေးရင် ဆွေးနွေး၊ မဆွေးနွေးရင်တော့ သူတို့ရဲ့ လမ်းတံတားနဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံအားလုံးကို ကျုပ်တို့က ဖျက်ဆီးပစ်ရလိမ့်မယ်” ဟု ထရမ့်က ဆိုသည်။

အမေရိကန်ဘက်မှ ဆွေးနွေးရေးကိုယ်စားလှယ်များက အီရန်အရာရှိများနှင့် ဇူလိုင် ၁၄ ရက်တွင် ဆွေးနွေးဖလှယ်မှုများ ပြုလုပ်ကာ သဘောတူညီချက်ရရှိသင့်ကြောင်းနှင့် သို့မဟုတ်ပါက “ခင်ဗျားတို့အနေနဲ့ တည်ရှိတော့မှာ မဟုတ်ဘူး” ဟူသည်ကို တစ်ဖက်အား ပြောပြထားကြောင်း ထရမ့်က ဆိုသည်။

အီရန်အပေါ် အမေရိကန်၏ စစ်ရေးတိုက်ခိုက်မှုများသည် “ကျုပ်က လုံလောက်ပြီ” ဟု ပြောသည်အထိ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့သည်။
အီရန်၏အင်အားသည် ဆိုးရွားစွာ လျော့နည်းသွားပြီဟု ဆိုသော်လည်း ခုခံနိုင်စွမ်း ကျန်ရှိနေသေးကြောင်း၊ အီရန်မှာ “လက်ဝှေ့သမားကြီး” တစ်ဦးနှင့်တူပြီး “ခင်ဗျား သူ့ကို အနိုင်ယူလိုက်ပြီလို့ ထင်မှတ်နေချိန်မှာ သူက ရုတ်တရက် ပြန်လည်တုံ့ပြန်တိုက်ခိုက်ပြီး ခင်ဗျားကို ပြင်းထန်တဲ့ လက်သီးချက်နဲ့ ထိုးနှက်လိုက်လိမ့်မယ်” ဟု ပြောကြားခဲ့သည်။

အီရန်နိုင်ငံသို့ မြေပြင်တပ်ဖွဲ့များ စေလွှတ်ရန် ဖြစ်နိုင်‌ခြေကိုလည်း မငြင်းပယ်ထားကြောင်း ထရမ့်က ပြောကြားခဲ့သည်။ သို့သော်လည်း ထိုကိစ္စနှင့် ပတ်သက်၍ ထပ်မံရှင်းလင်းပြောကြားခြင်း မရှိခဲ့ပေ။ (Xinhua)

အိုမန်နိုင်ငံ ပြန်ကြားရေးဌာနမှ ၂၀၂၆ ခုနှစ် ဇွန် ၂၀ ရက်က ပံ့ပိုးသည့် အချက်အလက်ဓာတ်ပုံတွင် ဟော်မုဇ်ရေလက်ကြားအား တွေ့ရစဉ် (ဆင်ဟွာ)

—————–
(Chinese Version)
美军开始封锁 美伊战火重燃
美军14日宣布恢复对伊朗的海上封锁,并对伊朗发动新一轮打击。伊朗伊斯兰革命卫队称,对美军多个目标发动打击。
恢复封锁
美军中央司令部14日在社交媒体发布消息说,美军于美国东部时间当天16时(北京时间15日4时)恢复针对往返伊朗港口及沿海地区船只的海上封锁。
消息称,20多艘美国海军舰艇和数百架军用飞机正在中东地区执行任务,美军随时准备应对各种情况。
当天早些时候,美军中央司令部宣布,美军于美东时间14日15时开始对伊朗发动新一轮打击,以“继续削弱伊朗袭击霍尔木兹海峡商船的能力”。
美军4月13日至6月18日曾对伊朗实施海上封锁。
据伊朗迈赫尔通讯社14日报道,伊朗第一副总统阿雷夫说,“美国违背承诺在我们预料之中。美国撕毁近期签署的文件,表明其言辞不可信赖”。
战火重燃
据伊朗迈赫尔通讯社14日报道,伊朗伊斯兰革命卫队发表声明称,对美军多个武器库、舰艇以及MQ-9无人机部署平台等目标发动打击。
迈赫尔通讯社15日凌晨援引伊朗霍尔木兹甘省政府消息报道说,霍尔木兹海峡发生交火,该省沿海各县、阿巴斯港和位于波斯湾的岛屿传出爆炸声。
据伊朗国家电视台15日凌晨报道,伊朗武装部队向位于约旦的美军基地发动报复性无人机袭击。
据伊朗多家媒体报道,当地时间14日深夜,伊朗南部的格什姆岛、阿巴斯港、亨加姆岛,以及东南部班普尔市和西部阿瓦士市等地传出爆炸声。
伊朗布什尔核电站周边防空系统已启动。
特朗普威胁:不谈就继续打
美国总统特朗普14日在接受美国福克斯新闻频道专访时说,除非伊朗重返谈判桌,否则美军将在下周打击其桥梁和发电厂。
特朗普说:“我们明后晚将对他们进行猛烈打击,而到了下周,情况对他们来说将会变得非常糟糕,因为下周的目标将是桥梁和发电厂。除非他们坐下来谈判,否则我们将摧毁他们所有桥梁和发电厂。”
特朗普称,美方谈判代表14日与伊朗官员进行过交谈,告知对方应达成协议,否则“你们将不复存在”。
特朗普说,美国对伊朗军事打击将持续到“我说够了为止”。他称,伊朗实力已被严重削弱,但还有反抗能力,伊朗就像一名“伟大的拳击手”,“你以为你已击败了他,结果他突然反击,给你来了一记重拳”。
特朗普还表示不排除向伊朗派遣地面部队的可能性。不过,他没有对此作进一步说明。(记者:黄强、施春、徐剑梅、沙达提、陈霄、胡友松;视频:淡然)
1. 4月20日,在伊朗首都德黑兰,伊朗国旗悬挂在遭美以空袭严重损毁的居民区建筑物上。新华社记者 沙达提 摄
2. 这是阿曼新闻部6月20日提供的霍尔木兹海峡资料图片。新华社发

မူရင်းသတင်း — Xinhua Myanmar