Xinhua Myanmar

အမေရိကန်-အီရန် ပဋိပက္ခ မြင့်တက်မှု လှုံ့ဆော်ချက်ကြောင့် နိုင်ငံတကာ ရေနံဈေး ဆက်လက်၍ သိသိသာသာမြင့်တက်

ပေကျင်း၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)
အမေရိကန်နှင့် အီရန်အကြား စစ်ရေးတင်းမာမှအရှိန် မြင့်တက်လာခြင်း၊ အမေရိကန်က အီရန်အပေါ် ပင်လယ်ပြင်ပိတ်ဆို့မှု ပြန်လည်ပြုလုပ်ပြီး ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် သယ်ယူပို့ဆောင်သော ကုန်ပစ္စည်းများအပေါ် အခကြေးငွေများ ကောက်ခံမည်ဟု ကြေညာခြင်း စသည့် သတင်းများက ရေနံစိမ်းပေးပံ့မှု ပြတ်လပ်မည့်အပေါ် ဈေးကွက်စိုးရိမ်မှုများကို ပိုမိုဆိုးရွားစေပြီး နိုင်ငံတကာ ရေနံစိမ်းအနာဂတ်ဈေးနှုန်းများသည် ဇူလိုင် ၁၄ ရက်တွင် တစ်ဖန် သိသိသာသာမြင့်တက်လာသည်။
နယူးယောက် ကုန်စည်ဒိုင် (NYMEX) အပေါ့စားရေနံစိမ်းအနာဂတ်ဈေးနှုန်းသည် ၃.၉ ရာခိုင်နှုန်း အထိ မြင့်တက်ခဲ့ပြီး တစ်စည်လျှင် ကန်ဒေါ်လာ ၈၁ ဒေါ်လာအထက် ရောက်ရှိခဲ့သည်။ လန်ဒန်ဘရန့်ရေနံစိမ်းအနာဂတ်ဈေးနှုန်း အရောင်းအဝယ်ဖြစ်နေစဉ်အတွင်း ၅ ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့ပြီး တစ်စည်လျှင် ကန်ဒေါ်လာ ၈၇ ဒေါ်လာအထက်သို့ ရောက်ရှိခဲ့သည်။
အီရန်အပေါ် သုံးညမြောက် ဆက်တိုက် တိုက်ခိုက်မှု ပြုလုပ်မည်ဖြစ်ပြီး အမေရိကန် အရှေ့ပိုင်းစံတော်ချိန် ဇူလိုင် ၁၄ ရက်တွင် အီရန်အပေါ် ပင်လယ်ပိတ်ဆို့မှုကို ပြန်လည်စတင်မည်ဟု အမေရိကန်စစ်တပ်က ဇူလိုင် ၁၃ ရက်က ကြေညာခဲ့သည်။ အီရန်ဘက်ကမူ ဟော်မုဇ်ရေလက်ကြား လတ်တလောတွင် တင်းမာမှုများ မြင့်တက်လာခြင်း၏ တိုက်ရိုက်တာဝန်ရှိသူမှာ အမေရိကန်ဖြစ်ပြီး အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်စစ်အခြေစိုက်စခန်းများအပေါ် လက်တုံ့ပြန်တိုက်ခိုက်မှုများ ပြုလုပ်မည်ဟု ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ထရမ့်က ဇူလိုင် ၁၃ ရက်တွင် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် သယ်ယူပို့ဆောင်သော ကုန်ပစ္စည်းအားလုံးအပေါ် အခကြေးငွေ ၂၀ ရာခိုင်နှုန်း ကောက်ခံမည်ဟု ပြောကြားခဲ့သည်။
ဟော်မုဇ်ရေလက်ကြားမှ ဖြတ်သန်းသွားလာမှုသည် မကြာသေးမီရက်တွင် ပြန်လည်ရပ်တန့်သွားခဲ့ပြီး အမေရိကန်၏ အခကြေးငွေ ကောက်ခံမှု အစီအမံမှာ ဤအရေးပါသော ရေလမ်းကြောင်းပေါ်ရှိ သွားလာမှုပမာဏကို တစ်ဆင့်တိုးလျော့ကျစေနိုင်ကြောင်း ဘောလ်တစ်နှင့် အပြည်ပြည်ဆိုင်ရာ ရေကြောင်းကောင်စီ (BIMCO) က ပြောကြားခဲ့သည်။
နိုင်ငံတကာ ရေနံစိမ်း အနာဂတ်ဈေးနှုန်းမှာ ဇူလိုင် ၁၃ ရက် ဈေးကွက်ပိတ်သိမ်းချိန်တွင် မြင့်တက်နှုန်း ၉ ရာခိုင်နှုန်းအထက်ရှိပြီး ၂၀၂၀ ခုနှစ် မေလအချိန်မှစ၍ တစ်ရက်တာအတွင်း မြင့်တက်မှုအကြီးမားဆုံးအဖြစ် စံချိန်တင်ခဲ့သည်။ (Xinhua)
…………….
(Chinese Version)
美伊对抗升温刺激国际油价继续大涨
新华社北京7月14日电 由于美国和伊朗军事对抗升温、美方宣称将恢复对伊朗的海上封锁并对经由霍尔木兹海峡运输的货物收费等消息加剧市场对原油供应短缺的担忧,国际原油期货价格14日再度大涨。
当天,纽约商品交易所轻质原油期货价格一度上涨3.9%,至每桶81美元以上;伦敦布伦特原油期货价格盘中一度涨超5%,至每桶87美元以上。
美军13日宣布,对伊朗发动“连续第三晚”的打击行动,并将于美国东部时间14日恢复对伊朗的海上封锁。伊朗方面则表示霍尔木兹海峡近期局势升级的直接责任在美国,并对位于中东地区的美军基地实施报复性打击。
美国总统特朗普13日称,将对所有经由霍尔木兹海峡运输的货物收取20%的费用。
波罗的海国际航运公会表示,霍尔木兹海峡通行近日已再度陷入停滞,美方收费举措可能进一步减少这条重要航道的交通量。
国际原油期货价格13日收盘时涨幅超9%,创下2020年5月以来最大单日涨幅。(完)
图说:3月9日,在德国首都柏林,一辆货车驶出加油站。新华社记者 张豪夫 摄

 

မူရင်းသတင်း — Xinhua Myanmar