Xinhua Myanmar

ထရမ့်က အီရန်၏ တံတားနှင့် ဓာတ်အားပေးစက်ရုံများအား တိုက်ခိုက်မည်ဟု ခြိမ်းခြောက်၍ ဆွေးနွေးညှိနှိုင်းမှု ပြန်လည်စတင်ရန် အီရန်ကို ဖိအားပေး

ဝါရှင်တန်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)
အမေရိကန် သမ္မတ ထရမ့်က အီရန်အနေဖြင့် ဆွေးနွေးညှိနှိုင်းရေးစားပွဲသို့ ပြန်လည်လာရောက်ခြင်း မရှိပါက အမေရိကန်စစ်တပ်သည် လာမည့်သီတင်းပတ်တွင် အီရန်၏ တံတားနှင့် ဓာတ်အားပေးစက်ရုံများကို တိုက်ခိုက်သွားမည်ဖြစ်သည်ဟု ဇူလိုင် ၁၄ ရက်တွင် အမေရိကန် Fox News Channel ၏ သီးသန့်တွေ့ဆုံမေးမြန်းမှုကို လက်ခံဖြေကြားရာ၌ ပြောကြားခဲ့သည်။
“ကျွန်တော်တို့ မနက်ဖြန်နဲ့ သန်ဘက်ခါညမှာ သူတို့ကို အပြင်းအထန် တိုက်ခိုက်သွားမှာပါ။ နောက်တစ်ပတ်ကျရင် အခြေအနေက သူတို့အတွက် အရမ်းဆိုးရွားလာပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ နောက်တစ်ပတ်ရဲ့ ပစ်မှတ်က တံတားနဲ့ ဓာတ်အားပေးစက်ရုံတွေပါ။ သူတို့ကထိုင်ပြီးဆွေးနွေးမှုမရှိရင် ကျွန်တော်တို့က သူတို့ရဲ့ တံတားနဲ့ ဓာတ်အားပေးစက်ရုံ အားလုံးကို ဖျက်ဆီးပစ်ရပါလိမ့်မယ်” ဟု ထရမ့်က ဆိုသည်။
အမေရိကန်ဘက် ဆွေးနွေးညှိနှိုင်းမှုကိုယ်စားလှယ်သည် အီရန်အစိုးရအရာရှိနှင့် ဇူလိုင် ၁၄ ရက်က ဆွေးနွေးခဲ့ကြောင်း၊ အီရန်ဘက်အနေဖြင့် သဘောတူညီချက် ရရှိသင့်ပြီး သို့မဟုတ်ပါက “ခင်ဗျားတို့က ရှိတော့မှာ မဟုတ်ဘူး” ဟု အသိပေးခဲ့ကြောင်း ထရမ့်က ပြောကြားခဲ့သည်။
အမေရိကန်အနေဖြင့် အီရန်အပေါ် စစ်ရေးတိုက်ခိုက်မှုသည် “ကျွန်တော်က တော်ပြီလို့ ပြောတဲ့အထိ” ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထရမ့်က ဆိုသည်။ အီရန်၏စွမ်းရည်ကို ပြင်းပြင်းထန်ထန် ချည့်နဲ့အောင် လုပ်ဆောင်ခဲ့ပြီးဖြစ်သော်လည်း ပြန်လည်တုံ့ပြန်နိုင်ရန် စွမ်းရည်ရှိနေသေးကြောင်း၊ အီရန်သည် “လက်ဝှေ့သမားကြီး” တစ်ဦးကဲ့သို့ဖြစ်ပြီး “ခင်ဗျားက သူ့ကို အလဲထိုးလိုက်နိုင်ပြီလို့ ထင်ပေမယ့် သူက ရုတ်တရက် တန်ပြန်တုံ့ပြန်ပြီး ခင်ဗျားကို ခပ်ပြင်းပြင်း လက်သီးချက်နဲ့ ထိုးနှက်လိမ့်မယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
အီရန်သို့ မြေပြင်တပ်ဖွဲ့စေလွှတ်မည့် ဖြစ်နိုင်ခြေကို ဖယ်ရှားထား၍မရကြောင်းလည်း ထရမ့်က ဆိုထားသည်။ သို့သော် ၎င်းအနေဖြင့် ယင်းနှင့်စပ်လျဉ်း၍ တစ်ဆင့်တိုးရှင်းလင်းပြောကြားမှုမရှိပေ။ (Xinhua)

—————–
(Chinese Version)
特朗普威胁打击伊朗桥梁和发电厂 施压伊重启谈判
新华社华盛顿7月14日电(记者黄强 施春)美国总统特朗普14日在接受美国福克斯新闻频道专访时说,除非伊朗重返谈判桌,否则美军将在下周打击其桥梁和发电厂。
特朗普说:“我们明后晚将对他们进行猛烈打击,而到了下周,情况对他们来说将会变得非常糟糕,因为下周的目标将是桥梁和发电厂。除非他们坐下来谈判,否则我们将摧毁他们所有桥梁和发电厂。”
特朗普称,美方谈判代表14日与伊朗官员进行过交谈,告知对方应达成协议,否则“你们将不复存在”。
特朗普说,美国对伊朗军事打击将持续到“我说够了为止”。他称,伊朗实力已被严重削弱,但还有反抗能力,伊朗就像一名“伟大的拳击手”,“你以为你已击败了他,结果他突然反击,给你来了一记重拳”。
特朗普还表示不排除向伊朗派遣地面部队的可能性。不过,他没有对此作进一步说明。(完)
图说:5月1日,美国总统特朗普在首都华盛顿白宫南草坪接受媒体采访。新华社发(李源清摄)

မူရင်းသတင်း — Xinhua Myanmar