Xinhua Myanmar

တရုတ်နိုင်ငံ ရောဂါထိန်းချုပ်ရေး ကျွမ်းကျင်ပညာရှင်များ အီဘိုလာရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွင် ပါဝင်ရန် ယူဂန္ဓာနိုင်ငံသို့ သွားရောက်

ပေကျင်း၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)
အာဖရိကတိုက် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးစင်တာ (CDC) နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့ ပူးတွဲဖွဲ့စည်းထားသည့် အီဘိုလာရောဂါ “ရုတ်တရက်ဖြစ်ပွားမှု စီမံခန့်ခွဲ ပံ့ပိုးရေးအဖွဲ့ငယ်” (IMST) ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ အမျိုးသား ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာနက ရွေးချယ်စေလွှတ်သော ကျွမ်းကျင်ပညာရှင်နှစ်ဦးသည် ဇူလိုင် ၁၅ ရက်တွင် ပေကျင်းမြို့မှ စတင်ထွက်ခွာသွားခဲ့ပြီး ယူဂန္ဓာနိုင်ငံသို့ သွားရောက်၍ အဆိုပါ အဖွဲ့ငယ်၌ ပါဝင်ကာ အီဘိုလာဗိုင်းရပ်စ် ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွင် ပါဝင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသား ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာနမှ သိရသည်။
WHO က ကွန်ဂိုနိုင်ငံ (DRC) နှင့် ယူဂန္ဓာနိုင်ငံတွင် အီဘိုလာရောဂါဖြစ်ပွားမှုက “နိုင်ငံတကာ အာရုံစိုက်ရမည့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ” ဖြစ်သည်ဟု မေ ၁၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်ရေးကို ညှိနှိုင်းတွန်းအားပေး ဆောင်ရွက်ရန်အတွက် အာဖရိကတိုက် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးစင်တာနှင့် WHO တို့က IMST ကို ပူးတွဲဦးဆောင်ဖွဲ့စည်းခဲ့ပြီး ၎င်းအဖွဲ့ငယ်အောက်တွင် ညှိနှိုင်းမှုနှင့် စီမံခန့်ခွဲမှု၊ ဓာတ်ခွဲစမ်းသပ်ခန်းနှင့် စမ်းသပ်စစ်ဆေးမှု စသည့် လုပ်ငန်းအဖွဲ့ ၁၄ ဖွဲ့စည်းကာ ဘက်ပေါင်းစုံ ညှိနှိုင်းတွဲဖက်ဆောင်ရွက်သည့် ရောဂါတိုက်ဖျက်ရေး ပူးပေါင်းအင်အား ဖြစ်လာကြောင်း သိရသည်။
ယခုအကြိမ် ယူဂန္ဓာနိုင်ငံသို့ သွားရောက်သည့် ကျွမ်းကျင်ပညာရှင်နှစ်ဦးလုံးသည် တရုတ်နိုင်ငံ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးစင်တာမှဖြစ်ပြီး ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကြွယ်ဝ‌သော အတွေ့အကြုံများရှိသည်။ သုတေသီ အန်းကျစ်ကျယ်သည် ညှိနှိုင်းမှုနှင့် စီမံခန့်ခွဲမှု အဖွဲ့ငယ်လုပ်ငန်းတွင် ပါဝင်သွားမည်ဖြစ်ပြီး ရောဂါဖြစ်ပွားမှုအခြေအနေအားခြေရာခံရန်၊ နယ်စပ်ဖြတ်ကျော် ကူးစက်ပျံ့နှံ့မှု အန္တရာယ်အား ခွဲခြမ်းစိတ်ဖြာ၍ သတင်းအချက်အလက် အတူမျှဝေရေးကို တွန်းအားပေးရန် တာဝန်ယူသွားမည်ဖြစ်သည်။ ဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာနမှ သုတေသီ ဝမ်ဟွမ်ယွိ ကမူ စမ်းသပ်ဓာတ်ခွဲခန်း အတည်ပြုမှု အဖွဲ့ငယ်တွင် ပါဝင်ကာ စမ်းသပ်စစ်ဆေးမှုကွန်ရက် တိုးချဲ့ရေးနှင့် Panfilovirus အမျိုးအစား ဗိုင်းရပ်စ်အား စစ်ဆေးမှု နည်းလမ်းအား ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာစေရေးတွင် ပါဝင်ဆောင်ရွက်ကာ စစ်ဆေးစမ်းသပ်ရာနေရာအသီးသီး လည်ပတ်မှုအခြေအနေနှင့် နမူနာများ ပို့ဆောင်မှုကို အဓိကထားအာရုံစိုက်လုပ်ဆောင်သွားမည်ဖြစ်သည်။
ကျွမ်းကျင်ပညာရှင်နှစ်ဦးသည် “နည်းပညာထည့်သွင်းခြင်း” နည်းလမ်းကို အသုံးပြုကာ IMST ၏ လက်ရှိမူဘောင်နှင့်ပေါင်းစည်း၍ အာဖရိကတိုက် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးစင်တာ (CDC) ၊ WHO နှင့် အခြားနိုင်ငံမှ ကျွမ်းကျင်ပညာရှင်များနှင့်အတူ အချက်အလက်များ သုံးသပ်မှု၊ အန္တရာယ်အား အကဲဖြတ်မှုနှင့် နည်းပညာအကြံပြုချက်များ ချမှတ်ခြင်းတို့ လုပ်ဆောင်သွားမည်ဖြစ်သည်။
ကျွမ်းကျင်ပညာရှင်များကို ယူဂန္ဓာနိုင်ငံသို့ ရွေးချယ်စေလွှတ်ပြီး IMST တွင် ပါဝင်ခြင်းသည် တရုတ်နိုင်ငံက အာဖရိကတိုက် ရောဂါတိုက်ဖျက်ရေးအား ထောက်ခံအားပေးသည့် နောက်ထပ် လက်တွေ့လှုပ်ရှားမှုတစ်ခုဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသား ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာန သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်က ပြောကြားခဲ့သည်။
ကျွမ်းကျင်ပညာရှင်နှစ်ဦးက နည်းပညာအခန်းကဏ္ဍကို တက်ကြွစွာအသုံးပြု၍ နိုင်ငံတကာမှ လုပ်ငန်းတူ လုပ်ကိုင်သူများနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ကာ အာဖရိကနိုင်ငံများ ကပ်ရောဂါဖြစ်ပွားမှု ဆောလျင်စွာတိုက်ဖျက်နိုင်ရေးကို အားဖြည့်ပေးပြီး တရုတ်-အာဖရိကပြည်သူများ ကျန်းမာရေး အာမခံရန်၊ ကမ္ဘာလုံးဆိုင်ရာ အများပြည်သူကျန်းမာရေး လုံခြုံမှု ကကွယ်ထိန်းသိမ်းရန်အတွက် အင်အားဖြင့် အကျိုးထမ်းဆောင်ပေးလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

ယူဂန္ဓာနိုင်ငံ အနောက်ပိုင်း Mpondwe နယ်စပ်ဂိတ်တွင် အီဘိုလာရောဂါ ကာကွယ်ရေးလမ်းညွှန်အား ဖတ်ရှုနေသည့် အမျိုးသားတစ်ဦးကို ၂၀၂၆ ခုနှစ် မေ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————-
(Chinese Version)
中国疾控专家赴乌干达参与埃博拉疫情防控国际合作
新华社北京7月15日电(记者顾天成)记者从国家疾控局获悉,应非洲疾控中心与世界卫生组织联合成立的埃博拉“突发事件管理支持小组”(IMST)邀请,国家疾控局选派的两名专家于7月15日从北京启程,赴乌干达加入该小组,参与埃博拉病毒病疫情防控国际合作。
世界卫生组织5月17日宣布,刚果(金)和乌干达出现的埃博拉疫情构成“国际关注的突发公共卫生事件”。为协调推进疫情防控,非洲疾控中心与世界卫生组织联合牵头成立IMST,下设协调和治理、实验室和检测等14个工作组,形成多边协同抗疫合力。
据悉,本次赴乌干达的两名专家均来自中国疾控中心,拥有丰富的传染病防控经验。研究员安志杰将参与协调和治理小组工作,负责跟踪疫情态势、分析跨境传播风险,并推动信息共享;病毒病预防控制所研究员王环宇将加入实验室诊断小组,参与检测网络扩展及泛丝状病毒检测方法的推广,重点关注各检测点运行状况和样本运输效率。
两位专家将采用“技术嵌入”方式,融入IMST现有框架,与非洲疾控中心、世卫组织及其他国家专家共同开展数据分析、风险评估和技术建议制定。
国家疾控局有关负责人表示,选派专家赴乌干达加入IMST,是中国支持非洲抗疫的又一实际行动。
两位专家表示,将积极发挥技术作用,与国际同行加强合作,助力非洲国家早日战胜疫情,为保障中非人民健康、维护全球公共卫生安全贡献力量。(完)
图说1:5月26日,工作人员在位于恩德培市的乌干达病毒研究所的实验室内工作。新华社记者 聂祖国 摄
图说2:5月23日,在乌干达西部姆蓬德韦边境口岸,一名男子查看埃博拉防疫指南。新华社发(尼古拉斯·卡乔巴摄)

မူရင်းသတင်း — Xinhua Myanmar