
တိုကျို၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)
ဂျပန်အစိုးရ၏ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော ဖော်ဆောင်ရန် ကြိုးပမ်းသည့်လှုပ်ရှားမှုများကို တုံ့ပြန်သည့်အနေဖြင့် ဂျပန်အရပ်ဘက်အဖွဲ့များက ဇူလိုင် ၁၄ ရက်တွင် ပူးတွဲကြေညာချက်ထုတ်ပြန်၍ ဂျပန်နိုင်ငံ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော ပိုင်ဆိုင်ခြင်းကို ကန့်ကွက်ခဲ့ကြသည်။
ဂျပန်နိုင်ငံသည် နျူကလီးယားလက်နက်ဖျက်သိမ်းမှုကို ကာလရှည်ကြာစွာ ထောက်ခံအားပေးခဲ့သလို ဂျပန်နိုင်ငံ “အဏုမြူစွမ်းအင်အခြေခံဥပဒေ” တွင်လည်း နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းရေး ရည်ရွယ်ချက်တွင်သာ အသုံးပြုရန် သတ်မှတ်ပြဋ္ဌာန်းထားကြောင်း၊ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော ပိုင်ဆိုင်ခြင်းသည် ဂျပန်ကိုယ်တိုင်က ဤရပ်တည်ချက်ကို ငြင်းဆိုလိုက်သည်ဟု အဓိပ္ပာယ်သက်ရောက်ကြောင်း အဆိုပါ ကြေညာချက်တွင် ထောက်ပြခဲ့သည်။
ဂျပန်အာဏာရပါတီနှင့် အစိုးရ ပညာရှင်အဖွဲ့ငယ်တို့က နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော ပိုင်ဆိုင်ခြင်းဆိုင်ရာ အကြံပြုချက်များ အဆိုပြုခြင်းသည် အလွန်အန္တရာယ်များသော လှုပ်ရှားမှုဖြစ်ကြောင်း၊ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောသည် တာဝေးရေအောက် သွားလာရေးနှင့် တိုက်ခိုက်မှုများ ပြုလုပ်ရန်အတွက် အသုံးပြုသည့် လက်နက်ကိရိယာဖြစ်ရာ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော ပိုင်ဆိုင်ခြင်းသည် ဂျပန်နိုင်ငံက လက်ကိုင်ကျင့်သုံးသော “ကာကွယ်ရေးကိုသာ သီးသန့်ဦးတည်ခြင်း” အခြေခံမူကို အပြင်းအထန် သွေဖည်သွားမည်ဖြစ်ကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်မှုတွင် ပါဝင်သော “ငြိမ်းချမ်းရေးလှေ” အဖွဲ့အစည်းက ၎င်း၏ဝက်ဘ်ဆိုက်တွင် ပြောကြားထားသည်။
နောက်မျိုးဆက် ရေငုပ်သင်္ဘောများကို နျူကလီးယားစွမ်းအင်သုံး တွန်းအားပေးစနစ်များကို အသုံးပြုနိုင်ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနမှ ပညာရှင်အဖွဲ့ငယ်တစ်ဖွဲ့က ယမန်နှစ် စက်တင်ဘာလတွင် အစီရင်ခံစာ၌ အရိပ်အမြွက် ဖော်ပြခဲ့သည်။ ဂျပန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး Shinjiro Koizumi ကလည်း လွှတ်တော်အစည်းအဝေးတွင် “ဒါကို တားမြစ်ထားတဲ့အရာလို့ မမြင်ပါနဲ့၊ ဆွေးနွေးမှုတွေ လုပ်ဖို့ လိုပါတယ်” ဟု ဆိုခဲ့သည်။ ဂျပန် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) နှင့် ပူးတွဲအုပ်ချုပ်သော ဂျပန်ဆန်းသစ်တီထွင်ရေးပါတီ (JIP) သည်လည်း နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောအား ဆောလျင်စွာ တင်သွင်းရန် ယခုနှစ် ဇွန်လတွင် တိုက်တွန်းခဲ့သည်။ သက်ဆိုင်ရာလှုပ်ရှားမှုများကြောင့် ဂျပန်နိုင်ငံရှိ နယ်ပယ်အသီးသီးမှ ပြင်းထန်သော ကန့်ကွက်ဆန့်ကျင်မှုများ ဖြစ်ပေါ်စေခဲ့သည်။
အထက်ဖော်ပြပါ ပူးတွဲကြေညာချက်တွင် အဖွဲ့ပေါင်း ၁၀ ခုကျော်က ၎င်းတို့၏အမည်များနှင့်တကွ ထုတ်ပြန်ခဲ့ကြောင်း “ငြိမ်းချမ်းရေးလှေ” အဖွဲ့အစည်းက ပြောကြားခဲ့သည်။ (Xinhua)
…………………………
(Chinese Version)
多个日本市民团体发声明 反对日本拥有核潜艇
新华社东京7月14日电(记者陈泽安 梁晨)针对日本政府试图发展核动力潜艇的动向,多个日本市民团体14日发表联合声明,反对日本拥有核潜艇。
声明指出,日本长期宣扬废除核武器,且日本《原子能基本法》规定,核能的利用仅限和平目的。拥有核潜艇将意味着日本自我否定这一立场。
参与发表联合声明的“和平舟”组织在其网站上说,日本执政党和政府专家小组提出拥有核潜艇的相关建议,是非常危险的动向。核潜艇是进行远距离潜航和攻击的装备,拥有核潜艇将严重背离日本奉行的“专守防卫”原则。
日本防卫省一个专家小组去年9月在报告中暗示,下一代潜艇可使用核动力推进系统。防卫大臣小泉进次郎也在国会上表示“不要将其视为禁忌,有必要进行讨论”。与日本自民党联合执政的日本维新会今年6月也呼吁尽早引入核潜艇。相关动向引发日本各界强烈抗议。
“和平舟”组织说,共有十余个团体在上述联合声明上署名。(完)
图说:7月10日,在位于日本东京的国会议事堂前,民众手持标语参加抗议集会。新华社记者 岳晨星 摄