
အတ္တလန်တာ၊ အမေရိကန်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)
အာဂျင်တီးနားအသင်းအနေဖြင့် ကမ္ဘာ့ဖလားဗိုလ်လုပွဲ တက်ရောက်နိုင်ရန် ဇူလိုင် ၁၅ ရက်၌ အင်္ဂလန်အသင်းနှင့် ရင်ဆိုင်ရမည့် ဆီမီးဖိုင်နယ်ပွဲစဉ်အတွက် ပြင်ဆင်နေစဉ် အသင်းမန်နေဂျာ လီယွန်နယ် စကာလိုနီက ၎င်း၏အသင်းအနေဖြင့် အဓိကပြိုင်ပွဲကြီးများတွင် မိမိတို့၏ အတွေ့အကြုံကို အားပြုကစားမည်ဟု ပြောကြားခဲ့သည်။
အဆိုပါပွဲစဉ်မှာအာဂျင်တီးနားအသင်းအနေဖြင့် နောက်ဆုံးကစားခဲ့သည့် အဓိကပြိုင်ပွဲကြီးငါးခု၌ ဆီမီးဖိုင်နယ်သို့ ငါးကြိမ်မြောက် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်ကာ အသင်းအနေဖြင့် ၂၀၂၂ ခုနှစ် ကာတာကမ္ဘာ့ဖလားတွင် ဗိုလ်စွဲခဲ့ပြီးနောက် ကမ္ဘာ့ဖလားကို နှစ်ကြိမ်ဆက်ဆွတ်ခူးနိုင်ရန် ရည်မှန်းထားခြင်းဖြစ်သည်။
“ကျွန်တော်တို့ဆီမှာ အဲဒီပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားဖူးတဲ့ အတွေ့အကြုံအနည်းအကျဉ်း ရှိပါတယ်။ အဲဒါက အားသာချက်တစ်ခုအဖြစ် မပေးစွမ်းနိုင်ပေမဲ့ ပိုပြီးတော့ တည်တည်ငြိမ်ငြိမ် ရှိစေပါလိမ့်မယ်” ဟု စကာလိုနီက ဆိုသည်။ “ဒါက အသင်းအတွက် ငါးကြိမ်မြောက် ဆီမီးဖိုင်နယ်ဖြစ်ပြီး အဲဒီအချက်က ကျွန်တော်တို့ကို စိတ်သက်သောင့်သက်သာ ဖြစ်စေပါတယ်။ ကစားသမားတွေက တည်တည်ငြိမ်ငြိမ်ရှိနေကြပြီး အဲဒီပွဲအတွက် အသင့်ဖြစ်နေပါပြီ” ဟုလည်း ၎င်းက ပြောသည်။
၎င်း၏အသင်းအနေဖြင့် အထူးသဖြင့် ဟယ်ရီကိန်းနှင့် ဂျုဒ် ဘယ်လင်ဟမ်ကဲ့သို့ အင်္ဂလန်အသင်း၏ တစ်ဦးချင်း ခြိမ်းခြောက်မှုများကို ထိန်းချုပ်ရန် အသင်း၏ ပင်ကိုကစားဟန်မှ သွေဖည်ခြင်းမရှိစေဘဲ လေ့ကျင့်ပြင်ဆင်နေသည်ဟု စကာလိုနီက ဆိုသည်။
“ကျွန်တော်တို့အသင်း ခြေစွမ်းပိုတိုးတက်လာအောင်နဲ့ အဲဒီကစားသမားတွေကို တတ်နိုင်သမျှ အကောင်းဆုံးထိန်းချုပ်နိုင်အောင် အမြဲကြိုးစားနေပါတယ်။ ကျွန်တော်တို့ အပြောင်းအလဲတွေ လုပ်ရနိုင်တယ်၊ ဒါမှမဟုတ် အရင်ကလုပ်ခဲ့တဲ့အတိုင်းလည်း ပြန်လုပ်ရနိုင်တယ်။ ကစားသမားတွေက ဘယ်လိုမျိုး ပွဲထွက်လာမလဲဆိုတာကို ကြိုမသိကြဘူး” ဟု ၎င်းက ပြောသည်။ “ကျွန်တော်တို့ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက နှစ်ယောက်နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး သူတို့သာ အသင်းလူစာရင်းမှာ ပါလာမယ်ဆိုရင် ဘယ်နည်းပြမဆို ပျော်ရွှင်ကြမှာပါ။ ကျွန်တော်တို့ဆီမှာလည်း အားထားရတဲ့ လက်နက်တွေရှိနေတာမို့လို့ သူတို့ကို ထိန်းချုပ်နိုင်အောင် အကောင်းဆုံးလုပ်ဆောင်သွားမှာပါ” ဟု စကာလိုနီက ဆိုသည်။
အာဂျင်တီးနားအသင်းအနေဖြင့် ဘောလုံးပိုင်ဆိုင်မှုကို ထိန်းချုပ်ထားရင်း အင်္ဂလန်အသင်း တန်ပြန်တိုက်စစ်ဆင်နိုင်မည့် အခွင့်အရေးများကိုလည်း ပိတ်ဆို့ဟန့်တားနိုင်ရန် ရည်မှန်းထားသည်ဟု ၎င်းက ဆက်လက်ပြောသည်။
“စိတ်ကူးကတော့ ဘောလုံးပိုင်ဆိုင်ထားဖို့နဲ့ ဘောလုံးမရှိတဲ့အချိန်မှာ ကြီးကြီးမားမား ပေးဆပ်မှုမရှိစေဖို့ပါပဲ” ဟု စကာလိုနီက ဆိုသည်။ “သူတို့အသင်းမှာ အမြန်နှုန်းရော ပေါက်ကွဲအားပါ သိပ်ကောင်းကြတဲ့ ကစားသမားကောင်းတွေရှိသလို တစ်ဦးချင်းကျော်ဖြတ်နိုင်စွမ်းရှိတဲ့ ကစားသမားတွေလည်း ရှိတယ်လေ။ သူတို့မှာ မတူညီတဲ့ ကစားဟန်တွေရှိကြတယ်။ ကျွန်တော်တို့ ဘောလုံးကို ပိုင်ဆိုင်ထားချင်တယ်။ မတူညီတဲ့အရာတချို့ ရှိလာနိုင်ပြီး သူတို့အငိုက်မိသွားအောင် လုပ်ချင်တယ်” ဟုလည်း ၎င်းက ပြောသည်။
အာဂျင်တီးနားအသင်းကို ၂၀၁၈ ခုနှစ်တွင် စတင်ကိုင်တွယ်ခဲ့သည့် စကာလိုနီသည် အသင်းအား ၂၀၁၉ ခုနှစ်တွင် ကိုပါအမေရိကဖလား ဆီမီးဖိုင်နယ်သို့ ပို့ဆောင်ပေးခဲ့သလို ၂၀၂၁ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်တို့တွင် ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့သည့်အပြင် လွန်ခဲ့သည့်လေးနှစ်ကလည်း အာဂျင်တီးနားအတွက် ကမ္ဘာ့ဖလား ရယူပေးခဲ့သည်။
၎င်း၏အသင်းအနေဖြင့် ဆီမီးဖိုင်နယ်သို့ အလွယ်တကူ တက်လှမ်းနိုင်ခဲ့သည်ဟု မှတ်ယူထားခြင်း မရှိကြောင်းလည်း အဆိုပါ အသက် ၄၈ နှစ်အရွယ် နည်းပြက ဆိုသည်။
“ကျွန်တော်တို့နဲ့ အကျွမ်းတဝင်ရှိပြီးသားဖြစ်တဲ့ သိပ်ကိုထူးခြားပြောင်မြောက်တဲ့အရာတွေ အများကြီးကို လုပ်ခဲ့ရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ လုပ်ပြနိုင်ခဲ့တဲ့ အရာတွေအတွက် ကျေနပ်မိသလို ကျေးဇူးလည်းတင်ပါတယ်။ ဒါပေမဲ့ နောက်တစ်ဆင့်တက်နိုင်ဖို့ မနက်ဖြန်ရောက်ရင် ကွင်းထဲမှာ အစွမ်းကုန်ပေးဆပ်သွားမှာပါ” ဟုလည်း ၎င်းက ပြောသည်။ (Xinhua)

အမေရိကန်နိုင်ငံ အတ္တလန်တာမြို့၌ အာဂျင်တီးနားအသင်းနှင့် အီဂျစ်အသင်းတို့ ယှဉ်ပြိုင်ကစားမည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ၁၆ သင်းအဆင့် ပွဲစဉ်မတိုင်မီ လေ့ကျင့်ခန်းဆင်းနေသော အာဂျင်တီးနားအသင်း ကစားသမားများကို ၂၀၂၆ ခုနှစ် ဇူလိုင် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ မိုင်ယာမီမြို့ရှိ မိုင်ယာမီအားကစားကွင်း၌ ၂၀၂၆ ခုနှစ် ဇူလိုင် ၁၁ ရက်က နော်ဝေအသင်းနှင့် အင်္ဂလန်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲစဉ်အပြီးတွင် အင်္ဂလန်အသင်းမှ ဟယ်ရီကိန်း (ယာ) နှင့် ဂျုဒ် ဘယ်လင်ဟမ်တို့ အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

……………….
(English Version)
Experience will guide Argentina, says Scaloni
ATLANTA, United States, July 14 (Xinhua) — Argentina manager Lionel Scaloni says his side will lean on its experience in major tournaments as it prepares to face England on Wednesday for a place in the World Cup final.
The match will be Argentina’s fifth semifinal in its last five major tournaments, with the team aiming for back-to-back World Cup titles after winning in Qatar in 2022.
“We have a little bit of experience playing these games. It doesn’t necessarily give you an advantage, but perhaps it makes you calmer,” Scaloni said. “This is our fifth semifinal as a team and that puts us at ease. The guys are calm and ready for the game.”
Scaloni said his side was preparing for England’s individual threats, particularly Harry Kane and Jude Bellingham, without departing from its own identity.
“We always seek to improve our team and neutralize these players in the best way possible. We might make changes, or we might repeat what we’ve done. The players don’t know what the team is yet,” he said. “We are facing two of the best players in the world, and any head coach would be happy to have them in their squad. We have our weapons, and we’re going to do our best to neutralize them.”
He added that Argentina would look to control possession while limiting England’s chances to counter.
“The idea is to have the ball, and when we don’t, not to suffer as much,” Scaloni said. “They have great players with great pace and explosiveness, and guys who can beat you one-on-one. They have different features. We’d like to have the ball, and of course there are some nuances, and we’d like to try to surprise them as well.”
Scaloni, who has led Argentina since 2018, guided the team to the Copa America semifinals in 2019 before winning the continental title in 2021 and 2024, in addition to Argentina’s World Cup triumph four years ago.
The 48-year-old said he did not take his side’s run to the semifinal for granted.
“We’ve done so much and so many great things that we’re used to it. But I want to be clear: we are satisfied and thankful for what we’ve done. But we will leave everything on the pitch tomorrow to advance.”
English Caption 1
Lionel Scaloni, head coach of Argentina, attends a press conference ahead of the semifinal match between Argentina and England at the 2026 FIFA World Cup in Atlanta, Georgia, the United States, July 14, 2026. (Xinhua/Li Ming)
English Caption 2
Players of Argentina attend a training session ahead of round of 16 match between Argentina and Egypt at the 2026 FIFA World Cup in Atlanta, the United States, on July 6, 2026. (Xinhua/Chen Yichen)
English Caption 3
Harry Kane (R) and Jude Bellingham of England celebrate after the quarter final match between Norway and England at the 2026 FIFA World Cup at the Miami Stadium in Miami, the United States, July 11, 2026. (Xinhua/Huang Zongzhi)