



ရန်ကုန်၊ ဇူလိုင် ၂၁
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အလယ်ကျေးရွာ၊ အနော်ရထာတွင် ၁၂၄ တံတားဘက်မှ အနောက်ပိုင်းအဝိုင်းဘက်သို့ ဘထ္ထရီစက်ဘီးစီးနင်းလာသူအား အနောက်မှ probox txai အဖြူရောင်က ဝင်တိုက်သဖြင့် စက်ဘီးစီးလာသူ ဝင်းနိုင် အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၁.၇.၂၀၂၆ရက်နေ့၊ (၁၃ ၁၅)အချိန် လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ အလယ်ကျေးရွာ၊ အနော်ရထာတွင် ၁၂၄ တံတားဘက်မှ အနောက်ပိုင်းအဝိုင်းဘက်သို့ ဘထ္ထရီစက်ဘီးစီးနင်းလာသူ ဝင်းနိုင်(၂၄)နှစ်၊ လိပ်စာ စုံစမ်းဆဲအား ၁၂၄တံတားဘက်မှ အနောက်ပိုင်းအဝိုင်းဘက်သို့ မောင်းနင်လာသော BB-45++(ygn-12) probox txai အဖြူရောင်ယာဉ်မောင်း ဟန်လင်းအောင် (၂၈)နှစ် မှ အနောက်မှ ကားဖြင့်ဝင်တိုက်မိရာ ဝင်းနိုင်မှာ ဦးခေါင်းပေါက်ဒဏ်ရာ၊ နဖူးပေါက်ဒဏ်ရာ၊ မေးရိုးပြုတ်ဒဏ်ရာများရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့သည်။
ရုပ်အလောင်းအား လှိုင်သာယာပြည်သူ့ဆေးရုံကြီးသို့ FDR (ရိုးကြီး) ပရဟိတကားဖြင့် ပို့ဆောင်ခဲ့ပြီးယာဉ်မောင်း ဟန်လင်းအောင်နှင့် ကားအား ယာဉ်မှု့စစ်ရဲအုပ် ထံလွှဲပြောင်းပေးထားကြောင်း သိရသည်။
#News #MNP