Myanmar Transparency News

သီရိလင်္ကာတွင် ဆိုင်ကယ်စီးဦးထုပ်စက်ရုံတစ်ရုံ ယနေ့ မီးလောင်မှုကြောင့် လုပ်သား ၅ ဦး သေဆုံး

သက်တံ့

၂၁. ၇. ၂၀၂၆

သီရိလင်္ကာနိုင်ငံ၏ အနောက်ပိုင်း ဟိုမာဂါမ (Homagama) မြို့ရှိ ကာတုဝါန (Katuwana) စက်မှုဇုန်အတွင်းရှိ စက်ရုံတစ်ရုံ၌ မီးလောင်မှုဖြစ်ပွားရာ လူ ၅ ဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က အင်္ဂါနေ့ (ဇူလိုင် ၂၁ ရက်) ၌ ပြောကြားခဲ့သည်။

ဘေးကင်းလုံခြုံရေးဆိုင်ရာ မော်တော်ဆိုင်ကယ် စီးဦးထုပ် (ဟဲလ်မက်) များ ထုတ်လုပ်သည့် အဆိုပါ စက်ရုံအတွင်း အလုပ်သမား ၈၀ ကျော် ရှိနေစဉ် အင်္ဂါနေ့ နံနက်ပိုင်းက မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

မီးသတ်သမားများသည် မီးသတ်ကား ၁၀ စီးခန့် စေလွှတ်ကာ ငြှိမ်းသတ်ပြီးနောက် မီးကို ထိန်းချုပ်နိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

ကယ်ဆယ်ရေးအဖွဲ့များသည် အဆောက်အအုံအတွင်း ပိတ်မိနေသူများ ရှိမရှိ ဆက်လက် ရှာဖွေလျက်ရှိသည်။

ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းအရင်းကို စုံစမ်းစစ်ဆေးမှုများ စတင်ဆောင်ရွက်နေပြီဖြစ်သည်။

မူရင်းသတင်း — Myanmar Transparency News