Myanmar National Post

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် တပ်ကုန်းမြို့နယ် မကျီးပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်ဆောင်ရွက်ထုတ်ပေးမှု ကြည့်ရှုအားပေး


နေပြည်တော်၊ ဇူလိုင် ၂၃

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ယမန်နေ့က ပြည်ထောင်စုနယ်မြေ တပ်ကုန်းမြို့နယ် မကျီးပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ တပ်ကုန်းမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အသက် ၁၀ နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်မရရှိသေးသည့် ကျောင်းသား ကျောင်းသူများအား လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်ထုတ်ပေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် One Stop Service ဖြင့် နေ့ချင်းပြီး ဆောင်ရွက်ပြီးဖြစ်သည့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်တို့ကို ကာယကံရှင် ကျောင်းသား ကျောင်းသူ တစ်ဦးချင်းထံ ပေးအပ်ပြီး မြို့နယ်ရုံးဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်၍ ကျောင်းသား ကျောင်းသူများကို အာဟာရမုန့်များ ဝေငှပေးခဲ့ကြောင်း သိရသည်။


#News #MNP

မူရင်းသတင်း — Myanmar National Post