Myanmar National Post

မရမ်းကုန်းမြို့နယ်တွင် ငွေကျပ်သိန်း ၃,၈၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ


နေပြည်တော်၊ ဇူလိုင် ၂၉

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဇူလိုင်လ ၂၅ ရက်နေ့ ၁၁၀၀ အချိန် မရမ်းကုန်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်တွင် ကျော်မြင့်သန်း မောင်းနှင်ပြီး အောင်ဝင်း၊ သိန်းရွှေ နှင့် ဘကျော် တို့လိုက်ပါလာသည့် TOYOTA IPSUM အမျိုးအစား မော်တော်ယာဉ်နှင့် ဇော်အောင် မောင်းနှင်ပြီး သက်ဇင်(ခ)အောင်အောင် နှင့် မောင်အေးလှိုင် တို့လိုက်ပါလာသည့် TOYOTA CALDINA အမျိုးအစား မော်တော်ယာဉ်တို့အား ရပ်တန့်စစ်ဆေးရှာဖွေရာ TOYOTA IPSUM ယာဉ်ပေါ်မှ စိတ်ကြွဆေးပြား ၁၉၀,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၃,၈၀၀)နှင့် လက်ကိုင်ဖုန်း ၉ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံ ကျော်မြင့်သန်း(၃၅)နှစ်၊ အောင်ဝင်း(၂၇)နှစ်၊ သိန်းရွှေ(၆၂)နှစ်၊ ဘကျော်(၄၇)နှစ်၊ ဇော်အောင်(၄၉)နှစ်၊ သက်ဇင်(ခ)အောင်အောင်(၅၀)နှစ် နှင့် မောင်အေးလှိုင်(၅၅)နှစ်တို့အား ဘုရင့်နောင်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


#MNP #News

မူရင်းသတင်း — Myanmar National Post