Eleven Media Group

■ ဘင်္ဂလားဒေ့ရှ်သို့ ပြန်သွားမည်ဆိုပါက သတ်ဖြတ်ခံရနိုင်ကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ပြောကြား

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည်သွားရောက်မည်ဆိုပါက သတ်ဖြတ်ခံရနိုင်ကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ် ဟာဆီနာက အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။

ထိုကဲ့သို့ အသက်အန္တရာယ် စိုးရိမ်ရသော်လည်း ဒီဇင်ဘာလတွင် မိမိနိုင်ငံသို့ ပြန်လည်သွားရောက်ရန် အခိုင်အမာဆုံးဖြတ်ထားသည်ဟု အသက် ၇၈ နှစ်အရွယ် ဟာဆီနာက အေအက်ဖ်ပီ၏ မေးခွန်းများကို အီးမေးလ်မှတစ်ဆင့် ပြန်လည်ဖြေကြားခဲ့သည်။

"ကျွန်မ သတ်ဖြတ်ခံရနိုင်တယ်။ ဖမ်းဆီးခံရနိုင်တယ်။ ထောင်ချခံရနိုင်ပါတယ်။ ကျွန်မရဲ့ ကံကြမ္မာကို ကျွန်မ အပြည့်အဝ သိရှိနားလည်ထားပါတယ်။ ဒါပေမဲ့ ကျွန်မရဲ့ ပြည်သူတွေက ကျွန်မကို ခေါ်နေတာကြောင့် ကျွန်မ ပြန်သွားချင်ပါတယ်" ဟု ဟာစီနာက အီးမေးလ်ထဲတွင် ရေးသားခဲ့သည်။

Ref: AFP

မူရင်းသတင်း — Eleven Media Group