Eleven Media Group

■ အမေရိကန်အထက်လွှတ်တော်က ကလေတန်အား အမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူးအဖြစ် ရာထူးခန့်အပ်မှုကို အတည်ပြု

အမေရိကန်အထက်လွှတ်တော်က ဂျေး ကလေတန်အား အမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူးအဖြစ် ရာထူးခန့်အပ်မှုကို ဇူလိုင် ၂၈ ရက်တွင် အတည်ပြုခဲ့သည်။

သက်တမ်းဝက်ရွေးကောက်ပွဲများမတိုင်မီ သမ္မတဒေါ်နယ်ထရန့်၏ ခိုင်လုံသော အထောက်အထားမရှိသည့် ရွေးကောက်ပွဲ မဲမသမာမှုစွပ်စွဲချက်များကို ပြန်လည်ဖော်ထုတ်နေချိန်တွင် အထက်လွှတ်တော်က ကလေတန်အား ရာထူးခန့်အပ်မှုကို ထောက်ခံမဲ ၅၁ မဲ၊ ကန့်ကွက်မဲ ၄၇ မဲဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။

ကလေတန်အား အမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူးအဖြစ် ထရန့်၏ ရာထူးခန့်အပ်မှုကို အထက်လွှတ်တော်ရှိ ဒီမိုကရက်အားလုံးက ကန့်ကွက်မဲပေးခဲ့ကြသည်။

"ဂျေး ဟာ ဘက်ပေါင်းစုံမှာ ထူးချွန်ထက်မြက်သူဖြစ်ပြီး ညွှန်ကြားရေးမှူးအဖြစ် အံ့ဩဖွယ်ကောင်းအောင် စွမ်းဆောင်သွားမှာပါ" ဟု အထက်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ပြီးနောက် ထရန့်က Truth Social တွင် ရေးသားခဲ့သည်။

၎င်းအား ခန့်အပ်မှုသည် ထရန့်အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲကို တရားရေးအရ ပြန်လည်အငြင်းပွားရန်နှင့် လာမည့် ရွေးကောက်ပွဲ၏ သန့်ရှင်းမျှတမှုအပေါ် သံသယဖြစ်စေရန် လုပ်ဆောင်မှုများတွင် အမျိုးသားလုံခြုံရေးအေဂျင်စီများကို ဆွဲသွင်းနေသည်ဟု စိုးရိမ်မှုများ မြင့်တက်လာချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

Ref: AFP

မူရင်းသတင်း — Eleven Media Group