
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွှေညောင်မြို့တွင် ကားအပိုပစ္စည်းဝယ်ယူရာမှ စကားပြောအဆင်မပြေမှုအား ရန်ညှိုးထား၍ လူသတ်မှု ဖြစ်ပွားကာ ကျူးလွန်သူအား အချိန်တိုတွင်းဖမ်းဆီး ရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
၂၀၂၆ ခုနှစ် ဇူလိုင်လ ၃၀ မနက်(၈) နာရီခွဲ အချိန်ခန့်တွင် ရွှေညောင်မြို့၊ဓနသိဒ္ဓိရပ်ကွက်၊ နယ်မြေ(၂)၊ နိဗ္ဗာန်လမ်း၊ အိမ်အမှတ်(၇၁) တွင် ဖွင့်လှစ်ထားသော “ဂျပန်”အမည်ဖြင့် ကားအပိုပစ္စည်းအရောင်းဆိုင်၏ ပိုင်ရှင်ဖြစ်သူ ဦးခင်မောင်ညို (ခ)ကိုဖိုးတုတ်၊ (သ)၅၈ နှစ်၊ (ဘ)ဦးဘိုလေး၊ ကားပစ္စည်း ရောင်းဝယ်ရေးဆိုင် လုပ်ကိုင်သူနှင့်ဇနီးဖြစ်သူဒေါ်ရင်ရင်ဥ၊(သ)၅ရနှစ်၊(ဘ)ဦးစိန်တို့တွင် မျက်နှာဖုရောင်ဒဏ်ရာများနှင့် သွေးထွက်ဒဏ်ရာများ ရရှိနေကြောင်းသတင်းကြား သိရသည်။
အခင်းဖြစ်ရာ နေရာ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကားအပိုပစ္စည်းအရောင်းဆိုင်အတွင်းရှိ ပစ္စည်းများထည့် ထားသော မှန်ဗီဒိုနောက်တွင် ဆိုင်ပိုင်ရှင် ၏ဇနီးဖြစ်သူ ဒေါ်ရင်ရင်ဥအား လည်ပင်းဝဲဘက်ထိုးသွင်း ဒဏ်ရာ(၃)ချက်၊ ဝဲပုခုံးထိုးသွင်းဒဏ်ရာ ဒဏ်ရာ(၁)ချက်(စိုးရိမ်ရ) ဖြင့် သွေးအိုင်ထဲတွင် ပက်လက် အနေအ ထားဖြင့် လဲကျနေသည်ကို လည်းကောင်း၊ ပစ္စည်းများတင်ထားသည့် စင်များကြားထဲ တွင် ဆိုင်ပိုင်ရှင် ဦးခင်မောင်ညို(ခ)ဦးဖိုးတုတ်အားနဖူး ပေါက်ပြဲဒဏ်ရာ(၁)ချက်၊ ယာမျက်လုံး အောက် ပြတ်ရှဒဏ်ရာ(၁) ချက်၊ဦးခေါင်းထိပ် ပေါက်ပြဲဒဏ်ရာ(၁) ချက်၊လည်ပင်း ထိုးသွင်းဒဏ်ရာ (၁)ချက် (စိုးရိမ်ရ)တို့ဖြင့် သွေးအိုင်ထဲ၌ ပက်လက်အနေအထား လဲကျနေသည်ကို တွေ့ရသည်။
၎င်းတို့(၂)ဦးအား ၈ နာရီ ၄၅ မိနစ် အချိန် ရဲဆေးစာဖြင့် ရွှေညောင်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်စဉ် ဒေါ်ရင်ရင်ဥမှာ အခင်းဖြစ်စဉ် ရရှိသော ဒဏ်ရာများဖြင့် သေဆုံးသွား၍ အလောင်း အား (၈)နာရီ ၅၅ မိနစ် အချိန် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့ ဆက်လက်ပို့ဆောင်ပေးခဲ့ရာ ၉ နာရီ ၂၀ မိနစ် အချိန် ဆေးရုံသို့ရောက်ရှိပြီး သေဆုံးသူ ဒေါ်ရင်ရင်ဥ၏ အလောင်းအား မှုခင်းဆရာဝန်ကြီးမှ (PR-04) ဖြင့် လက်ခံစစ်ဆေးခဲ့ပြီး ဒဏ်ရာရရှိသူ ဦးခင်မောင်ညို(ခ)ဦးဖိုးတုတ်အား ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရှိရပါသည်။
အမှုမှ တရားခံအား ဖမ်းဆီရမိရေး အနီးပတ်ဝန်းကျင်ရှိနေအိမ်များမှ CCTV မှတ် တမ်းများ၊ အနီးနား ပတ်ဝန်းကျင်နေအိမ်များ အားလိုက်လံစုံစမ်းရာ CCTV မှတ် တမ်းအရ ဈေးဆိုင်အတွင်းသို့ အကျႌ အ နက်၊ ဘောင်းဘီ အနက်ဝတ်ဆင်ထားသည့်အသက်(၂၀)နှစ်ခန့် အမျိုးသား တစ်ဦး ၊ ရွှေညောင် ပြည်ထောင်စုလမ်းမ ဘက်မှ ရတနာလမ်းအတိုင်းလျှောက်လာပြီး နိဗ္ဗာန်လမ်းဆုံအားကျော်ကာ နောက်သို့ ပြန်လျှောက်လာပြီး နိဗ္ဗာန်လမ်းအတွင်းသို့ ချိုးကွေ့ဝင်ရောက်ကာ မျက်နှာအား မက်စ်တပ်ပြီး “ဂျပန်” ကားအပို ပစ္စည်းအရောင်းဆိုင် အတွင်းဝင်ရောက်သွားပြီး ပြန်ထွက်လာခြင်း မရှိသည့် CCTVမှတ်တမ်းရရှိသဖြင့် အခင်းဖြစ်နေအိမ်နှင့် အနီးပတ် ဝန်းကျင် နေအိမ်များအား ရွှေညောင် နယ်မြေခံ စခန်းမှုုး၏ ကြိုးစားအားထုတ်ပြီး အသေးစိတ်လိုက်လံစစ်ဆေးရာ မနက်(၉းဝ၅) အချိန်တွင် အခင်းဖြစ်နေအိမ်မြောက်ဘက် တစ်ခြံကျော် နေအိမ်အောက်ထပ်ထုပ်တန်းတွင် ပုန်းအောင်းနေသော တရားခံ သန့်ဇင်ဖြိုး၊ (သ)၂၀ နှစ်၊ (ဘ) ဦးသန်းဇော်၊ (မိ)ဒေါ်အေးခိုင်၊ နေမျိုးထက်ကားဝပ်ရှော့” ၊မင်္ဂလာ ရွှေဗဟိုရ်ရပ်ကွက်၊ နယ်မြေ(၂) နေသူအား နယ်မြေခံရဲတပ်ဖွဲ့ဝင်များ ဒေသပြည်သူစစ်(ပလကဖ)အဖွဲ့များဖြင့် တရားခံအား နာရီပိုင်းအချိန်တိုအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါသည် ။
၎င်းနောက် ပြစ်မှုကျူးလွန်သူအား စစ် ဆေးခဲ့ရာ ၎င်းသည် လွန်ခဲ့သော (၂)ရက်ခန့်က ကားအပိုပစ္စည်းဝယ်ယူရာတွင် ဈေးကြီးကြောင်းပြောဆိုရာမှ ဈေးဝယ်ရင်းစ ကား များသည့်ကိစ္စအား မကျေနပ်သဖြင့် ၎င်းတွင်အသင့်ပါလာသော အရိုး/အသွား (၈)လက်မခန့်ရှိ ဓါးဦးချွန်ဖြင့် ဆိုင်ပိုင်ရှင် ၏ ဇနီးဖြစ်သူ ဒေါ်ရင်ရင်ဥ အား လည်ပင်းအားဓါးဖြင့် (၄)ချက်ခန့်ထိုးခဲ့ပြီး ဆိုင်ပိုင် ရှင် ဦးခင်မောင်ညို(ခ)ဦးဖိုးတုတ် ရောက်ရှိလာသဖြင့်ဓါးဖြင့်ထိုးရာ ဦးခင်မောင်ညို (ခ) ဦးဖိုးတုတ်က ပြန်လည်ခုခံသဖြင့် ဓါးမှာ ကွေးကောက်သွား ခဲ့ပြီးအနီးရှိ အရှည် (၈)လက်မခန့်၊ လုံးပတ်(၁)လက်မခန့်ရှိ ကားအပိုပစ္စည်း ဒူးဆစ်ဖြင့် ဦးခေါင်းအား ရိုက်နှက်ခဲ့ကြောင်း စစ်ဆေး သိရှိရသည်။
ထို့ကြောင့် ပြစ်မှုကျူးလွန်သူ သန့်ဇင်ဖြိုး၊ (သ)၂၀ နှစ်၊ (ဘ) ဦးသန်းဇော်အား ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ၈)လက်မခန့်၊ လုံးပတ်(၁)လက်မခန့် ဓား(၁)ချောင်းနှင့် ကားအပိုပစ္စည်း ဒူးဆစ်တို့ကို သက်သေခံ ပစ္စည်းအဖြစ်သိမ်းဆည်းခဲ့ပြီး ရွှေညောင်နယ်မြေခံရဲစခန်းတွင် အမှုရေးဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည် ။