
ဂါဇာကမ်းမြောင်မှ အစ္စရေးတပ်ဖွဲ့များ တဖြည်းဖြည်း ဆုတ်ခွာရေးနှင့် ဟားမာ့စ်တို့၏ လက်နက်ကိစ္စရပ်များ ပါဝဝင်သည့် အစ္စရေးနှင့် စစ်ပွဲအဆုံးသတ်ရေး သဘောတူညီချက်ကို လက်ခံလိုက်ပြီဖြစ်ကြောင်း ဟားမာ့စ်အ ဖွဲ့က ဇူလိုင် ၃၁ ရက်တွင် ပြောကြားခဲ့သည်။
ဟားမာ့စ်လက်နက်ဖျက်သိမ်းရေးသည် အောက်တိုဘာကတည်းက ဂါဇာ၌ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အောင်မြင်ရေးတွင် အဓိကကျသောအတား အဆီးတစ်ခု အဖြစ်ရှိနေခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဟားမာ့စ်အဖွဲ့လုံးဝဝလက်နက်ဖျက်သိမ်းရေး သဘောတူညီချက်ရရှိခဲ့ပြီဖြစ်ကြောင်း ဇူလိုင် ၃၀ ရက်နှောင်းပိုင်းတွင် ကြေညာခဲ့ပြီး၊ ယင်းသည် ဂါဇာတွင် ပါလက်စတိုင်းအစိုးရ သစ်ပေါ်ပေါက်လာရေးအတွက်အရေးပါသော ခြေလှမ်းဖြစ်သည်ဟုပြောကြားခဲ့သည်။
ဂါဇာကိုအုပ်ချုပ်ရန် ထရန့်၏ငြိမ်းချမ်း ရေးဘုတ်အဖွဲ့ကဖွဲ့စည်းပေးထားသော ကော်မတီသည် ဟားမာ့စ်လက်နက်ဖျက်သိမ်းရေးလုပ်ငန်းစဉ်ကို ကြီးကြပ်လိမ့်မည်ဟု ဟားမာ့စ်တာဝန်ရှိသူများက AFP ကို ပြောကြားခဲ့သည်။
အစ္စရေးတပ်များ ဂါဇာမှ ဆုတ်ခွာရေး ပါဝဝင်သည့် အဆိုပါ သဘောတူညီချက် စည်းကမ်းများကို အစ္စရေးဘက်က လိုက်နာစေရန် ကြားဝင်စေ့စပ်ပေးသူများနှင့် ငြိမ်းချမ်းရေးဘုတ်အဖွဲ့တို့က မပျက်မကွက် မဖြစ်မနေ အာမခံဆောင်ရွက်ပေးလိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း ဟားမာ့စ်က ပြောကြားခဲ့သည်။
ဟားမာ့စ် ဆွေးနွေးရေးအဖွဲ့ဝ၏အဖွဲ့ဝင် ဂါဇီဟာမက်က မိမိတို့အဖွဲ့သည်ဂါဇာကမ်းမြောင်ဒေသရှိ ပြည်သူများ သတ်ဖြတ်ခံရမှုနှင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုတို့မှ ကယ်တင်ရန် မိမိတို့ပြည်သူများအတွက်လိုက် လျောညီ ထွေဖြစ်အောင် အလျှော့အတင်းပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
“လက်နက်ဖျက်သိမ်းရေး ကိစ္စမှာအစ္စရေးက ဝင်ရောက်စွက်ဖက်မှာမဟုတ်ပါဘူး။ ဒီတာဝန်ကို ထမ်းဆောင်မယ့် အဖွဲ့ကတော့ အမျိုးသားကော်မတီဖြစ်ပါတယ်”ဟု သူက ဂါဇာအုပ်ချုပ်ရေးအတွက် အမျိုးသားကော်မတီ(NCAG)ကို ရည်ညွှန်းပြောကြားခဲ့သည်။
ယင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ အစ္စရေးကချက်ချင်း သဘောထားထုတ်ပြန်ခြင်း မရှိသေးပေ။
ဟားမာ့စ်အဖွဲ့သည် ဂါဇာအပစ်အခတ်ရပ်စဲရေး၏ နောက်ဆက်တွဲအဆင့်များကို အကောင်အထည်ဖော်ရန် အသေးစိတ်လမ်းပြမြေပုံကို သဘောတူညီခဲ့သည်ဟု ငြိမ်းချမ်းရေးဘုတ်အဖွဲ့က X တွင် အတည်ပြုထုတ်ပြန် ခဲ့သည်။
“အခုကျွန်တော်တို့ရဲ့ အာရုံစိုက်မှုဟာ အကောင်အထည်ဖော်တဲ့အပိုင်းကိုပြောင်းသွားပါပြီ”ဟု ငြိမ်းချမ်းရေးဘုတ်အဖွဲ့ကရေးသားခဲ့ပြီး NCAG သည် အပြည့်အဝအာဏာရှိရေးအတွက် အဆင့်လိုက်ဆောင်ရွက်မည့်အသွင်ကူးပြောင်းရေးကို မကြာမီ စတင်မည်ဟု ဖြည့်စွက်ဖော်ပြခဲ့သည်။
သမ္မတ ထရန့်ကလည်း လူမှုကွန်ရက်ပို့စ်တစ်ခုတွင် ဟားမာ့စ်လက်နက်ဖျက်သိမ်းရေး ပြီးစီးသည်နှင့်တစ်ပြိုင်တည်းအစ္စရေးတပ်ဖွဲ့များ ဆုတ်ခွာသွားမည်ဖြစ်ပြီး ဂါဇာဒေသခံများနှင့် အိမ်နီးချင်းများဘေးကင်း လုံခြုံရေးတာဝန်ယူရန်နိုင်ငံတကာတည်ငြိမ်ရေးတပ်ဖွဲ့ (International Stabilization Force) က ပါလက်စတိုင်း ရဲတပ်ဖွဲ့သစ်နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဖော်ပြခဲ့သည်။
Ref: AFP