


မုံရွာ၊ ဩဂုတ် ၂
တပ်မတော်အနေဖြင့် ပြည်သူလူထုအေးချမ်းစွာနေထိုင်နိုင်ရေးအတွက် လူမှုစီးပွား ဘဝများဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ် ထားသည့် မြို့နယ်၊ ကျေးရွာ၊ ဒေသအချို့တို့၌ အကြမ်းဖက်ချေမှုန်းစစ်ဆင်ရေးများအား ဆောင်ရွက်ရှိရာ အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားခဲ့သည့် ခမ်းပါတ်မြို့ အား (၂၀-၆-၂၀၂၆) ရက်နေ့တွင် အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါသည်။
ယနေ့တွင် ဒေသခံပြည်သူလူထုအား လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင် ရွက်ပေးသွားရန်နှင့် အစိုးရ၏ အုပ်ချုပ်မှုယန္တရား လည်ပတ်ဆောင်ရွက်ရန် ဌာနဆိုင်ရာရုံး များအင်အား ဖြည့်ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ စာသင်ကျောင်းများ၊ ဆေးရုံများ ဖွင့်လှစ်နိုင် ရေးတို့အတွက် ခမ်းပါတ်မြို့ ဌာနဆိုင်ရာ ဝန်ထမ်း(၃၅)ဦး၊ ၄င်းတို့၏ မှီခိုသူ(၂)ဦး၊ စုစုပေါင်း (၃၇)ဦးသည် လိုအပ်သည့် ကူညီထောက်ပံ့ရေးပစ္စည်းများနှင့်အတူ ဩဂုတ်(၁)ရက်နေ့ နေ့လည်ပိုင်းတွင် မော်တော်ယာဉ်များဖြင့် ကလေးမြို့မှ ခမ်းပါတ်မြို့သို့ ရောက်ရှိလာကြ ရာ နယ်မြေခံတပ်နယ်မှူးနှင့် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများက ဝမ်းမြောက်စွာကြို ဆိုခဲ့ကြသည်။
ခမ်းပတ်မြို့တစ်ဝိုက်အား အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်စဉ် ကာလအတွင်း ဒေသခံပြည်သူများအနေဖြင့် အိုးအိမ်တိုက်တာစည်းစိမ်များအား စွန့်ခွာ တိမ်းရှောင်နေကြရပြီး ၄င်းတို့၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် အဖက်ဖက်မှနိမ့်ကျကာ တိုက်ပွဲ၏အနိဌာရုံများအား ရင်ဆိုင်တွေ့ကြုံခဲ့ရမှုများကြောင့် တပ်မတော်မှအပြီးတိုင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည့်အတွက် ယခင်ကဲ့သို့ ဒေသဖွံ့ဖြိုးရေး ပညာရေး၊ လူမှုရေး၊ လူမှုဘဝဖွံ့ဖြိုးရေးကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် မြို့အုပ်ချုပ်ရေး နှင့်ဌာနဆိုင်ရာဝန်ထမ်းများအား ကြိုဆိုလက်ခံခဲ့ကြပြီး ယာယီနေရပ်စွန့်ခွာနေထိုင်ခဲ့ရ သည့် ပြည်သူ့အချို့မှာလည်း ၄င်းတို့၏နေရပ်ဒေသများသို့ ပြန်လည်ဝင်ရောက်လျက်ရှိ ကြောင်း သိရသည်။
ဒေသခံပြည်သူများအနေဖြင့်လည်း တိုက်ပွဲ၏ဆိုးကျိုးများအား ကိုယ်တိုင်ကိုယ်ကျ ကြို့တွေ့ခဲ့ကြရသဖြင့် ငြိမ်းချမ်းမှုကိုသာ လိုလာကြောင်း၊ ၄င်းတို့၏ ကျန်းမာရေးစောင့် ရှောက်ခွင့်ရရှိရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ကလေးငယ်များ၏ ပညာသင်ခွင့် ကိုလည်း ယခင်ငြိမ်းချမ်းစဉ်ကဲ့သို့ပင် ပုံမှန်ပြန်လည် လည်ပတ်စေရန်မျှော်လင့်ကြောင်း၊ အကြမ်း ဖက်လုပ်ရပ်များကြောင့် အဖက်ဖက်မှ ပျက်စီးဆုံးရှုံးခဲ့ရသည့် ခမ်းပါတ်မြို့အား ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ချိန်များတွင် တပ်မတော်နှင့်အတူ ဌာန ဆိုင်ရာအဖွဲ့အစည်းများအား အင်အားထပ်မံဖြည့်တင်း၍ ပြည်သူလူထုနှင့် ဝိုင်းဝန်းပူး ပေါင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း သိရသည်။
#MNP #News