Myanmar National Post

တိုက်ကြီးမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်း ရေကြီးရေလျှံမှုဖြစ်ပွား






တိုက်ကြီး၊ ဩဂုတ် ၁

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ ယနေ့နံနက် ၁၁ နာရီခွဲ အချိန်ခန့်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဗောဓိကုန်းရပ်ကွက်၊ ဆေးရုံလမ်းရှိ မြို့နယ်ပြည်သူ့ ဆေးရုံဝင်းအတွင်းသို့ ရေတစ်ပေခန့် ဝင်ရောက်ခဲ့သဖြင့် မြို့နယ်မီးသတ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦး‌ဇော်ချစ်ထက် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ပူးပေါင်း၍ ဆေးရုံဝင်းအတွင်း ရေများ ဆက်လက်ဝင်ရောက်မှု မရှိစေရေးအတွက် သဲအိတ်များ ကာရံခြင်းနှင့် အရေးပေါ်လူနာကုသဆောင်အတွင်း ဝင်ရောက်လျက်ရှိသော ရေများအား High Pressure နှစ်လုံး၊ ရေစုပ်စက်တစ်လုံးတို့ဖြင့် ရေစုပ်ထုတ်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ပေးခဲ့ရာ ညနေ ၄ နာရီခွဲ အချိန့်တွင် ရေများ ပြန်လည်ကျဆင်းသွားကြောင်း သိရသည်။


ဝတ်ရည်

#MNP #News

မူရင်းသတင်း — Myanmar National Post