
အင်ဒိုနီးရှား၌ကူတို့သင်္ဘောမီးလောင်သဖြင့် ငါးဦးသေဆုံးပြီး ၄၁ ဦး ပျောက်နေကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
သြဂုတ်၂ နှစ်ရက်တွင် အင်ဒိုနီရှားကူတို့သင်္ဘောသည် ပင်လယ်ပြင်တွင်မီးလောင်ခဲ့ရာ လူအချို့ သင်္ဘောပေါ်မှခုန်ချခဲ့ပြီးနောက် ငါးဦး သေဆုံးသွားခဲ့ပြီး နောက်ထပ်၄၁ဦးပျောက်နေသည်ဟု ရှာဖွေကယ်ဆယ်ရေးတာဝန်ရှိသူများကပြောကြားခဲ့သည်။
ဒေသဆိုင်ရာ ဆူရာဘာရာ ရှာဖွေကယ်ဆယ်ရေးအေဂျင်စီက မွန်းလွဲပိုင်းနောက်ဆုံးရရှိသည့်ကိန်းဂဏန်းများ ကိုထုတ်ပြန်ခဲ့ရာ၌သင်္ဘောပေါ်မှ စုစုပေါင်း၂၂၅ ဦးကို ကယ်ဆယ်ခဲ့သည်ဟုဖော်ပြခဲ့သည်။
အင်ဒိုနီးရှား၏အမျိုးသားရှာဖွေကယ်ဆယ်ရေးအေဂျင်စီဖြစ်သည့် Basarnas ၏ထုတ်ပြန်ချက်အရခရီးသည် အချို့သည် ပင်လယ်ထဲသို့ခုန်ချခဲ့ရာ ၎င်းတို့ကိုအနီးအနားရှိသင်္ဘောကဆယ်ယူခဲ့သည်ဟုသိရသည်။
ကူတို့သင်္ဘောအနီးတွင်အခြားသင်္ဘောလေးစင်း အရန်သင့်ရှိနေသည်ဆိုသော်လည်းကူတို့သင်္ဘောပေါ်မှ မီးလှောင်နိုင်သောပစ္စည်းများ၏အန္တရာယ်ကြောင့်အနားသို့မကပ်နိုင်ဖြစ်ခဲ့ရသည်ဟုအေဂျင်စီကပြောကြားခဲ့ သည်။
ဆူရာဘာယာမှ တောင်ဆူလာဝေဆီသို့ သွားသော ကူတို့သင်္ဘောသည်မီးလောင်နေသည်ဟု ကပ္ပတိန်က သင်္ဘောကုမ္ပဏီထံဖုန်းဆက်အကြောင်းကြားခဲ့သည်ဟု Basarnas က ပြောကြားသည်။ထို့နောက်တွင် ကပ္ပတိန်နှင့်အဆက်အသွယ်မရတော့ဟုဆိုသည်။
Ref:AFP
AFP photos