



ကဝ၊ ဩဂုတ် ၂
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ပြည်သူများဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန်ဆန်၊ ဆီ၊ အသား၊ ငါး၊ ဘဲဥ၊ ကြက်ဥနှင့်ဟင်းသီးဟင်းရွက်များကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် စည်ပင်သာယာဈေးကြီး၌ရောင်းချပေးလျက်ရှိသည်။
ထိုသို့ ရောင်းချပေးရာတွင် မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီက ကြီးကြပ်၍ မွေးမြူရေးလုပ်ငန်းရှင်များနှင့် တိုက်ရိုက်ဆက်သွယ်ကာ ရောင်းချပေးလျက်ရှိကြောင်း၊ သက်သာသောဈေးနှုန်း၊ မှန်ကန်သော အလေးချိန်များဖြင့် ယခုရက် သတ္တပတ်၌ ဆန်(ဆင်းသုခ) ၈လုံးကိုက်တစ်ပြည်လျှင် (၃၀၀၀)ကျပ်၊ ဆီတစ်ပိဿာလျှင်(၇၈၈၅)ကျပ်၊ စီပီ ကြက်သား အသားဈေး တစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်၊ အကောင်လိုက်တစ်ပိဿာလျှင်(၁၆၅၀၀)ကျပ်၊ ဒေသကြက် တစ်ပိဿာလျှင် (၂၅၀၀၀)ကျပ်၊ အကောင်လိုက် တစ်ပိဿာလျှင် (၂၂၅၀၀) ကျပ်၊ ဝက်သားတစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာလျှင် (၁၉၀၀၀)ကျပ်၊ ကြက်ဥတစ်လုံးလျှင်(၅၀၀)ကျပ် ဈေးနှုန်းများဖြင့် စားသုံးသူ ပြည်သူများသို့ ဈေးနှုန်းသက်သာစွာရောင်းချပေးခဲ့ကြောင်း သိရသည်။
ရဲဇော်ဟိန်း
#MNP #News