Myanmar National Post

ထာဝရငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်သည့်နေရာတွင် အားလုံးတတ်စွမ်းသရွေ့ ပူးပေါင်း ဆောင်ရွက်ပေးကြရန်


ယခုအချိန်တွင် တိုင်းရင်းသားအားလုံး စုစုစည်းစည်း ညီညီညွတ်ညွတ်ဖြင့် နိုင်ငံသစ်ကို အတူတကွတည်ဆောက်ကြရန်လိုပြီး နိုင်ငံတစ်ဝန်းလုံး အမြန်ဆုံးတည်ငြိမ်အေးချမ်းစေရန် ငြိမ်းချမ်းရေးကို တည်ဆောက်သည့်နေရာတွင် မဖြစ်နိုင်သည်များကို တောင်းဆိုနေမည့်အစား ခေတ်စနစ်နှင့်ကိုက်ညီသည့် ဖြစ်သင့်၊ ဖြစ်နိုင်သည်များကိုသာ ညှိနှိုင်းတောင်းဆိုကြရန်လိုအပ်ကြောင်း၊ ထာဝရငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ရမည့်တာဝန်သည် အစိုးရမှာပင် တာဝန်ရှိသည်မဟုတ်ဘဲ အစိုးရ၊ တပ်မတော်၊ လွှတ်တော်စသည့် အင်စတီကျူးရှင်းအားလုံးတွင် တာဝန်ရှိသည့်အတွက် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်သည့်နေရာတွင် အားလုံးတတ်စွမ်းသရွေ့ ပူးပေါင်း ဆောင်ရွက်ပေးကြရန် အလေးအနက်ထားပြောကြားလိုကြောင်း။

နိုင်ငံတော်ကာကွယ်ရေးနှင့်ပတ်သက်၍ တပ်မတော်ကို တိုက်စွမ်းရည်၊ တိုက်စွမ်းအားရှိသည့် ခေတ်မီတပ်မတော် (Standard Army) တစ်ရပ်ဖြစ်အောင် ဖွဲ့စည်းတည်ဆောက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတွင် ပြည်သူလူထုတစ်ရပ်လုံးပါဝင်ရေးအတွက် တပ်မတော်၏ ဦးဆောင်မှုဖြင့် ပြည်သူ့စစ်မဟာဗျူဟာကို ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်းလုံခြုံရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် တာဝန်ရှိသော်လည်း မိမိတို့နိုင်ငံတွင် ဖြစ်ပေါ်နေသည့်အခြေအနေအရ တပ်မတော်အနေနှင့် ရဲတပ်ဖွဲ့ပူးပေါင်းပြီး ပါဝင်ဖြေရှင်းဆောင်ရွက်နေရခြင်းဖြစ်ကြောင်း၊ ပြည်တွင်းလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ရဲတပ်ဖွဲ့ဝင်များ၏ စွမ်းဆောင်မှုပိုင်းဆိုင်ရာ ပိုမိုတိုးတက်လာစေရန် စနစ်တကျလေ့ကျင့်ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ လေ့ကျင့်သားပြည့်ဝသော၊ အဂတိကင်းသော၊ ပြည်သူချစ်သော ရဲတပ်ဖွဲ့ဝင်များဖြစ်စေရန် စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။


(နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) ပြည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၏ နိုင်ငံတော်အခြေပြ မိန့်ခွန်းမှ -)

#MNP #News

မူရင်းသတင်း — Myanmar National Post