
ဟားမာ့စ်က လက်နက်စွန့်လွှတ်ရန် သဘောတူညီခဲ့ပြီးနောက် သမ္မတ ဒေါ်နယ်ထရန့် ချီးကျူးပြောကြားခဲ့သည့် ဂါဇာအစီအစဉ်နှင့်ပတ်သက်၍ အစ္စရေးက စိုးရိမ်ပူပန်မှုများကို အမေရိကန်အားအသိပေးထားသည်ဟုဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု၏ရုံးက ဩဂုတ် ၃ ရက်တွင် ပြောကြားခဲ့သည်။
"အဆိုပြုထားတဲ့မူဘောင်နဲ့ပတ်သက်ပြီး အစ္စရေးရဲ့ မှတ်ချက်တွေနဲ့ စိုးရိမ်ပူပန်မှုတွေကို အမေရိကန် တာဝန်ရှိသူတွေထံ အကြောင်းကြားထားပါတယ်။ အများပြည်သူသိအာင်ထုတ်ပြန်ပေးထားတဲ့မူကွဲဟာ အစ္စရေးရဲ့ သဘောထားရပ်တည်ချက်တွေကို ထင်ဟပ်ခြင်း မရှိပါဘူး" ဝန်ကြီးချုပ် ရုံး ပြောရေးဆိုခွင့်ရှိသူ ဒိုရွန်စပီးလ်မန်းက AFP သတင်းဌာနကို ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ် အောက်တိုဘာလက သမ္မတ ထရန့်ကြေညာခဲ့သော အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ရရှိခဲ့ပြီးနောက်ပိုင်း အစ္စရေး၏ တိုက်ခိုက်မှုအချို့ ရှိနေသေးသော်လည်း အကြမ်းဖက်မှု ဖြစ်စဉ်များ လျော့ကျသွားခဲ့ကြောင်းသို့သော် လည်း ဟားမာ့စ်တို့သည် ယင်းအချိန်မှစ၍ လက်နက်များ ပြန်လည်တပ်ဆင်ခြင်းနှင့် တပ်သားသစ် စုဆောင်း ခြင်းတို့ကို လုပ်ဆောင်နေကြောင်း အစ္စရေးထောက်လှမ်းရေးက စုံစမ်းသိရှိထားသည်ဟုစပီးလ်မန်းက ဆက်လက်ပြောကြားသည်။
အသစ်ဖွဲ့စည်းမည့် ပါလက်စတိုင်း အုပ်ချုပ်ရေးကော်မတီထံ လက်နက်များ လွှဲပြောင်းပေးအပ်ရေး ပါဝင်သည့် သဘောတူညီချက်၏ နောက်တစ်ဆင့်ကို လက်ခံသဘောတူလိုက်ပြီဟု ဟားမာ့စ်က ဇူလိုင် ၃၁ ရက်တွင် ကြေညာခဲ့သည်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က ဟားမာ့ဟ်တို့၏ တိုက်ခိုက်မှုကြောင့်စတင်ခဲ့သည့်စစ်ပွဲကို အဆုံးသတ်ရန် ကြိုးပမ်းရာတွင်ယခုခြေလှမ်းသည် "အရေးပါသော မှတ်တိုင်တစ်ခု" ဖြစ်ကြောင်း ထရန့်က ပြောဆိုခဲ့ပြီး အဆိုပါ ဖြစ်ပေါ်တိုးတက်မှုများကို အစ္စရေးကအလွန် ဝမ်းမြောက်မိသည်ဟု သတင်း ထောက်များကို ပြောကြားခဲ့သည်။
Photos-AFP