
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့နယ် ရွှေညောင်မြို့တွင် ကျောင်းသား ကျောင်းသူများအား ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲ ပြုလုပ်ကြောင်း သိရသည်။
တောင်ကြီးမြို့နယ် ရွှေညောင်မြို့ ရွှေညောင် အထက (၁) ကျောင်း၌ ၂၀၂၆ ခုနှစ် ယနေ့ (သြဂုတ် ၄ ရက်) နံနက် ၉ နာရီအချိန်တွင် ကျောင်းသား ကျောင်းသူ ၃၅ဝဦးအား ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲ အခမ်းအနားကို အမှတ် (၁၁၇) ယာဉ်ထိန်းရဲတပ်ဖွဲ့ တပ်ဖွဲ့စုမှူး ဒုရဲမှူး မျိုးသန့် ၊ ယာဉ်ထိန်းရဲ ဒုတပ်ကြပ် အိအိဖြိုးနှင့် ရွှေညောင်မြို့ ယာဉ်ထိန်းတပ်ဖွဲ့ ယာဉ်ထိန်းရဲ ဒုတပ်ကြပ် ရန်နောင်၊ ယာဉ်ထိန်း ဒု အရာခံဗိုလ် (ငြိမ်း) ဦးဖိုးစိန်တို့ တက်ရောက်ပြီး ကျောင်းသား ကျောင်းသူများအား ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့် ပတ်သက်၍ Projector ဖြင့် အသေးစိတ်ရှင်းလင်းပြသ ဟောပြောခဲ့ကြောင်း သိရသည်။