Myanmar National Post

ပေါင်မြို့နယ်၌ ဒီရေတောများအကြောင်းသိကောင်းစရာ အသိပညာပေးဟောပြောပွဲပြုလုပ်





ပေါင်၊ ဩဂုတ် ၅

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌  ဒီရေတောများအကြောင်းသိကောင်းစရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့က အထက(မုတ္တမ) ကျောင်း၌ ပြုလုပ်ခဲ့ရာ  သစ်တောဦးစီးဌာနမှ တောအုပ်ကြီးဦးဇော်လွင်ဦးနှင့်ဝန်ထမ်းများ၊‌ဌာနဆိုင်ရာများ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ဆရာမများ၊ကျောင်းသား၊ကျောင်းသူများတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ‌ပေါင်မြို့နယ်သစ်တောဦးစီးဌာနမှ  တောအုပ်ကြီးဦးဇော်လွင်ဦးက ဒီရေတောများ၏အခြေအနေနှင့် အသုံးဝင်ပုံများ၊ဒီရေတောကမ်းရိုးတန်း သယံဇာတများဆုံးရှုံးပျက်စီးရသည့်ကြောင်းအရင်းများနှင့် ကမ်းရိုးတမ်းဂေဟစနစ်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများအားအကျယ်တဝင့်ဆွေးနွေးဟောပြောခဲ့ပြီး ကျောင်းသားကျောင်းသူများကသိရှိလိုသည်များကိုမေးမြန်းရာ တာဝန်ရှိသူများကပြန်လည်ဖြေကြားပေးခဲ့သည်။ထို့နောက် အပြည်ပြည်ဆိုင်ရာဒီရေတော‌ဂေဟစနစ် ထိန်းသိမ်း‌ရေးနေ့အထိမ်းအမှတ် အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။


မွန်မလေး

#MNP #News

မူရင်းသတင်း — Myanmar National Post