
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် အနုထင် ချာဝီရကွန် ၏ ဖိတ်ကြားချက်အရ ယနေ့(သြဂုတ် ၆ ရက်)နံနက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိလာသည်။
ထိုင်းနိုင်ငံဝန်ကြီးချုပ် အနုထင် ချာဝီရကွန် ၏ ဖိတ်ကြားချက်အရ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် သြဂုတ် ၆ ရက်မှ ၇ ရက်အထိ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်လာရောက်ခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဒွန်မောင်းလေဆိပ် သို့ ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အား ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် ဦးဆောင်သည့် အဆင့်မြင့်အရာရှိကြီးများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့်ဇနီး၊ စစ်သံမှူးနှင့် ဇနီး၊ မြန်မာသံရုံး၊ စစ်သံရုံးမှ သံရုံးဝန်ထမ်းများက ခရီးဦးကြိုဆိုနှုတ်ဆက်ကြသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ခရီးစဉ်အတွင်း ထိုင်းနိုင်ငံ ဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ မြန်မာ-ထိုင်း စီးပွားရေးဖိုရမ် ၂၀၂၆ သို့ တက်ရောက်ခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။