
လောလောလတ်လတ် လုံခြုံရေး ထိခိုက်စေမှုများက ဒေသဆိုင်ရာ သင်္ဘောလမ်း ကြောင်းအတွက် အန္တရာယ်များ ဆက်လက် ရှိနေသည်ကို မီးမောင်းထိုးပြနေသည့်တိုင် အီရန်နှင့် အိုမန်တို့က ဟော်မုဇ်ရေလက်ကြား ကို ဖြတ်သန်းသောသင်္ဘောများအတွက် လမ်းကြောင်းကို သဘောတူခဲ့ကြပြီး မဟာဗျူ ဟာမြောက်ရေလမ်းကြောင်းကို ပူးတွဲစီမံခန့် ခွဲရေးအတွက် အစီအစဉ်များကို အချောသတ် နေပြီဟု သြဂုတ် ၅ ရက်တွင် အီရန်က ပြောကြားခဲ့သည်။
သဘောတူညီချက်သည် အရေးပါသော စွမ်းအင် လမ်းကြောင်း ပြန်ပွင့်ရေးအတွက် ခြေလှမ်းတစ်လှမ်း ဖြစ်လာမည်ဖြစ်သော် လည်း ဖြေလျှော့မှုမှန်သမျှသည် အီရန်ဆိပ် ကမ်းများကို အမေရိကန်၏ရေကြောင်းပိတ် ဆို့မှုအပေါ်တွင် မူတည်နေဆဲဟု အစိုးရတာ ဝန်ရှိသူများ၏ပြောကြားမှုများကို အီရန်မီဒီ ယာက ဖော်ပြခဲ့သည်။
ဖေဖော်ဝါရီ ၂၈ ရက်တွင် အမေရိကန် နှင့် အစ္စရေးတို့က အီရန်ကို တိုက်ခိုက်သဖြင့် စစ်ပွဲဖြစ်ပွားကတည်းက အီရန်က ဟော်မုဇ် ရေလက်ကြားကို လုံးစုံထိန်းချုပ်ထားပြီး ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသော သင်္ဘောမှန်သမျှသည် တရားမဝင်ဖြစ်သန်း ခြင်းဖြစ်သည်ဟု မှတ်ယူမည်ဖြစ်ကြောင်း ခြိမ်းခြောက်ထားသည်။ အမေရိကန်သမ္မတ က ဟော်မုဇ်ရေလက်ကြားပြန်ဖွင့်ရန် ကြိမ် ဖန်များစွာပြောကြားထားသည်။
ဟော်မုဇ်ရေလက်ကြားပြန်ဖွင့်ရေးသ ဘောတူညီချက်သည် ဩသြဂုတ်လ ၅ ရက် တွင် ဖြစ်လာနိုင်စရာရှိသော်လည်း ဆွေး နွေးမှုများ မအောင်မြင်ပါက အီရန်သည် ပြင်းပြင်း ထန်ထန် ထိုးနှက်ခံရမည်ဟု အမေရိ ကန်သမ္မ တဒေါ်နယ်ထရန့်က သတိပေးပြောကြားခဲ့ သည်။
ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့တင် ပို့မှု၏ အဓိက လမ်းကြောင်းဖြစ်သည့် ထို ရေလမ်းကြောင်း ဖြတ်သန်းခွင့်ကိစ္စသည် ဆွေးနွေးပွဲများတွင် အဓိက အငြင်းပွားဖွယ်ရာ အချက်ဖြစ်နေပြီး ဧပြီအပစ်အခတ်ရပ်စဲ ရေး နောက်ပိုင်း တိုက်ပွဲများ ပြန်လည်စတင်ရ သည့် အကြောင်းရင်းဖြစ်ခဲ့သည်။
အီရန်က ဟော်မုဒ်ရေလက်ကြားကို တင်းတင်းကျပ်ကျပ်ချုပ်ကိုင်ကာ ထိန်းချုပ် ချင်နေပြီး ဖေဖော်ဝါရီ ၂၈ ရက်တွင် စစ်ပွဲမစ တင်မီက အသုံးမပြုခဲ့သည့် လုပ်ပိုင်ခွင့်များ ဖြစ်သည့် ရေလက်ကြားဖြတ်သန်းခံကောက် ခံချင်နေသည်။