Eleven Media Group

အမေရိကန်၌ ခဲယမ်းများ ပြတ်လပ်နေပြီဟူသော သတင်းအားပေါက်ကြားစေသူများကို ဖမ်းဆီးထောင်ချမည်ဟု သမ္မတဒေါ်နယ်ထရန့် ခြိမ်းခြောက်

သမ္မတဒေါ်နယ်ထရန့်က အမေရိကန် သည် ခဲယမ်းအများအပြားရှိနေသည်ဟု သြ ဂုတ် ၆ ရက်တွင် ပြောကြားလိုက်ပြီး အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲ ထိန်းမရဖြစ်နေသည့်အ နေအထားကြောင့် စိတ်ပျက်လျက်ရှိစဉ် အမေရိကန်၌ ခဲယမ်း ပြတ်လပ်နေသည်ဟု ပြောဆိုနေသူများကို ထောင်ချပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။

ထရန့်က သူ၏ Truth ဆိုရှယ်မီဒီယာ တွင် လက်နက်ခဲယမ်းလျော့နည်းနေပြီဟူ သော သတင်းများအား ဝေဖန်လိုက်ပြီး အမေ ရိကန်သည် အထူးသဖြင့် အချို့သောလက် နက်အမျိုးအစားများအတွက် ခဲယမ်းပမာဏ အများအပြားရှိနေသည်ဟု ဖော်ပြခဲ့သည်ဆို သော်လည်း နောက်ထပ်အသေးစိတ်များကို ဖော်ပြခြင်းမရှိပေ။

“နောက်ထပ်လည်း များပြားတဲ့ပမာဏ ကို ထုတ်လုပ်နေပြီး လိုအပ်တဲ့အတိုင်း အမေ ရိကန်ထံ တင်ပို့နေပါတယ်။ ကာကွယ်ရေး လက်နက်ကုမ္ပဏီတွေဟာ ကျွန်တော်တို့နိုင်ငံ ရဲ့သမိုင်းမှာ စက်ရုံ အလုပ်ရုံတွေကို အများ ကြီး တည်ဆောက်နေပါတယ်” ဟုု ထရန့်က ပို့စ်တွင် ဖော်ပြခဲ့သည်။

လက်နက်ခဲယမ်းပြတ်လပ်မှုများနှင့် ပတ်သက်၍ ကာကွယ်ရေးဝန်ကြီး ပိဟတ်ဆက်မှ ဖြေကြားပေးရန် ထရန့်က တောင်း ဆိုထားသည်ဟု ဇူလိုင် ၃၁ ရက်တွင် ၀ါရှင် တန်ပို့စ်က သတင်းဖော်ပြခဲ့သည်။ Camp David သမ္မတအပန်းဖြေစခန်းတွင် ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေးတွင် သမ္မတ နှင့်ကာကွယ်ရေးဝန်ကြီးတို့ ဆုံတွေ့သည့်အခါ ထရန့်က ပိဟက်ဆက်ကို အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်ဟု ၀ါရှင်တန်ပို့စ် က ဖော်ပြခဲ့သည်။

ယင်းသို့ ပြောဆိုရာတွင် လက်နက်ခဲ ယမ်းကိစ္စကို ဖြေရှင်းပြီးသွားပြီဟု ထင်မြင် ကြောင်း ထရန့်က ပြောကြားခဲ့သည်ဟု ဆိုသည်။

ယင်းသို့ နိုင်ငံတော်သစ္စာဖောက်မှုနှင့် သက်ဆိုင်သောသတင်းများကို ပေါက်ကြား အောင်လုပ်သူများကို ဖော်ထုတ်၍ နှစ်ရှည် ထောင်ဒဏ်ချမှတ်သွားမည်ဟု သြဂုတ် ၆ ရက်တွင် ထရန့်က ခြိမ်းခြောက်ခဲ့သည်။

Ref; AFP

Photo- AFP

မူရင်းသတင်း — Eleven Media Group