Eleven Media Group

■ မြန်မာ-ထိုင်း စီးပွားရေးဖိုရမ် ၂၀၂၆ သို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်မိန့်ခွန်း ပြောကြား

ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိသည့်နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသည့် မြန်မာ-ထိုင်း စီးပွါးရေးဖိုရမ် ၂၀၂၆ သို့ တက်ရောက်မိန့်ခွန်း ပြောကြားခဲ့သည်။

ယနေ့(သြဂုတ် ၆ ရက်) မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပသည့် မြန်မာ-ထိုင်း စီးပွါးရေးဖိုရမ် ၂၀၂၆ သို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ထိုင်းနိုင်ငံဝန်ကြီးချုပ် အနုထင် ချာဝီရကွန် နှင့်အတူ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အဆိုပါ အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် အနုထင် ချာဝီရကွန် တို့က နှုတ်ခွန်းဆက် အမှာစကားများ ပြောကြားခဲ့ကြသည်။

မူရင်းသတင်း — Eleven Media Group