Eleven Media Group

■ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းအမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့ ထိုင်းအမျိုးသားလွှတ်တော်ရုံးတွင် တွေ့ဆုံဆွေးနွေး

ထိုင်းနိုင်ငံသို့ တရားဝင် ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင်​ ထိုင်းအမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့ ထိုင်းအမျိုးသားလွှတ်တော်ရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုင်းနိုင်ငံဝန်ကြီးချုပ် အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့(သြဂုတ် ၇ ရက်)နံနက်ပိုင်းတွင် ထိုင်းအမျိုးသားလွှတ်တော်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

ထိုင်းအမျိုးသားလွှတ်တော်သို့ ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌတို့သည် အမှတ်တရမှတ်တမ်းတက်ဓာတ်ပုံ ရိုက်ကူးခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ထိုင်းနိုင်ငံအထက်လွှတ်တော် (Senate) ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် (National Assembly) ယာယီဥက္ကဋ္ဌတို့သည် လွှတ်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်အတူ ခရီးစဉ်တွင် လိုက်ပါခဲ့ကြသည့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ထိုင်းနိုင်ငံအထက်လွှတ်တော် (Senate) ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် (National Assembly) ယာယီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

မူရင်းသတင်း — Eleven Media Group