
ပါကစ္စတန်၊ ဆော်ဒီအာရေဗျတို့နှင့် ရရှိခဲ့သော ကာကွယ်ရေးသဘောတူညီချက်အသစ်သည် နေတိုးမဟာမိတ်အဖွဲ့အတွက် မိမိတို့၏ကတိကဝတ်များနှင့် ကွဲလွဲဆန့်ကျင်ခြင်းမရှိဟု ဩဂုတ် ၇ ရက်တွင် တူရကီက ပြောကြားသည်။
"သဘောတူညီချက်ဟာ တူရကီရဲ့ ရပ်တည်နေတဲ့ အပြည်ပြည်ဆိုင်ရာမဟာမိအဖွဲ့ကို ပေးထားတဲ့ ကတိကဝတ်တွေနဲ့ ဆန့်ကျင်နေတာမျိုးမရှိပါဘူး။ အဲဒီကတိကဝတ်တွေထဲမှာ နေတိုးအဖွဲ့အတွက် ပေးထားတဲ့ ကတိတွေလည်း ပါဝင်ပါတယ်"ဟု တူရကီအစိုးရ၏ သတင်းမှားတိုက်ဖျက်ရေးဌာနက X တွင် ပို့စ်တင်ခဲ့သည်။
အမှန်တကယ်အားဖြင့်မူ အဆိုပါသဘောတူညီချက်သည် လုံခြုံရေးကို အားပေးသည့် နောက်ထပ်ပူးပေါင်းဆောင်ရွက်ရေး ယန္တရားတစ်ရပ်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြထားသည်။
"ဒေသတွင်း မိတ်ဖက်နိုင်ငံတွေနဲ့ တူရကီရဲ့ ပူးပေါင်းမှုဟာ တူရကီရဲ့ နေတိုးအဖွဲ့ဝင်ဖြစ်မှုအတွက် အစားထိုးစရာမဟုတ်ပါဘူး"ဟု ဆိုသည်။
ယခု ယခုထုတ်ပြန်ချက်သည် သဘောတူညီချက်အသစ်ကို ဝေဖန်နေကြသည့် အခြေအမြစ်မရှိသော ပြောဆိုမှုများနှင့် လုပ်ကြံဖန်တီးထားသည့်ပို့စ်များကို တုံ့ပြန်ခြင်းဖြစ်သည်ဟု တူရကီ သတင်းမှားတိုက်ဖျက်ရေးဌာနက ဆိုသည်။
ဟူရ်သီတိုက်ခိုက်မှုများနှင့် အမေရိကန်-အီရန် စစ်ပွဲတို့ဖြစ်ပွားနေချိန် အကြမ်းဖက်မှုများရှိနေသည့်ကြားထဲ အဆိုပါသုံးနိုင်ငံက ပူးတွဲသဘောတူညီချက်အသစ်ကို ဩဂုတ် ၇ ရက်တွင် ရီးယာ့ဒ်မြို့၌ လက်မှတ်ရေးထိုးခဲ့ကြသည်။
Ref: AFP
Photos: AFP